ပရိုဂျူဆာပြန်လုပ်တော့မယ့် ခင်ဇာခြည်ကျော်

play

သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ မတ်လထဲမှာ စပြီး ပရိုဂျူဆာ ပြန်လုပ်တော့မယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ကြယ်တံခွန်" ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပြန်ပြီး ရိုက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
play

သူမရဲ့ ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားမျိုးကိုလည်း "ငါသူတစ်ပါး၊ယောက်ျားမိန်းမ"ဇာတ်ကားလို ကားကြီး တစ်ကား ရိုက်ချင်တယ်လို့ သူမက ဆိုပါတယ်။ သူမထုတ်လုပ်ရိုက်ကူးမယ့် ဇာတ်ကားတွေကို လောလော ဆယ်မှာ A Group တွင် မတင်နိုင်သေးတာကြောင့် ဇာတ်ကား ကောင်းကောင်းလေး ရိုက်ပြီး B Group မှာ ရုံတင်ဖို့ စဉ်းစားထား တယ်လို့ ဆိုပါတယ်။
play

 ဇာတ်ကားရိုက်ကူးရာမှာလည်း သူမအနေနဲ့ ဇာတ်ရုပ်မတွေးပဲ လုပ်ဆောင်ချက်ရှိမယ်ဆိုရင် အကုန်လုံးကို ရိုက်ကူး တယ်လို့ သူမက ဆိုပါတယ်။ လက်ရှိမှာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ဟာ ဘန်ကောက်ကို ရောက်ရှိ နေတယ်လို့ သိရပါတယ်။
Source : 8days Journal
Photo  : ခင်ဇာခြည်ကျော် ဖေ့စ်ဘွတ်
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.