Breaking News

စိတ်နဲ့ ခန္ဓာကျန်းမာဖို့ တရားထိုင်နည်း (၄) မျိုး


play

စိတ်နဲ့ ခန္ဓာ ပျိုမြစ်နုနယ်စေဖို့ အတွက် အကောင်းဆုံးဆေးဟာ တရားထိုင်ခြင်းလို့ ဆိုကြပါတယ်။ တရားထိုင်တာဟာ ဘာသာရေး တစ်ခုတည်းအတွက် မဟုတ်ပဲ ကိုယ့်ရဲ့ စိတ်ခန္ဓာ လန်းဆန်းပြီး ဦးနှောက် တိုးတက်လာစေဖို့ ရည်ရွယ်နိုင်ပါတယ်။
ယနေ့ ကမ္ဘာမှာ အောင်မြင်နေသူ၊ အောင်မြင်ခဲ့သူတွေ အတော်များများ နေ့စဉ် ပုံမှန်တရားထိုင်လေ့ရှိကြပါတယ်။ နေ့စဉ် စိတ်လန်းဆန်းနေစေဖို့ အတွက် လွယ်တကူတဲ့ တရားထိုင်နည်း လေးမျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
play

၁။ ပထမဆုံး နည်းလမ်းကတော့ အသက်ရှုမှတ်တဲ့ တရားထိုင်နည်းပါ။ မြန်မာလို ဆိုရင်တော့ ရှုသွင်းလိုက်တဲ့ လေ(ဝင်လေ) နဲ့ ထုတ်ပစ်လိုက်တဲ့လေ(ထွက်လေ) ကို အာရုံစိုက် မှတ်သားတာပါ။ တရားထိုင်ရာမှာ အသုံးအများဆုံး နည်းလမ်းဖြစ်ပါတယ်။
၂။ အရာဝတ္ထုတစ်ခုကို ပုံဖော်ကြည့်ပြီးတော့လည်း တရားထိုင်လို့ရပါတယ်။ မျက်လုံးမှိတ်ထားပြီး အသည်းပုံကို အဓိကအချက်ကတော့ အာရုံမပျံ့လွင့်ဖို့ပါပဲ။
play

၃။ နောက်တစ်ချက်ကတော့ ဂါထာ၊ သို့မဟုတ် မန္တာန်တစ်ခုကို အဆက်မပြတ် ရွန်ဖတ်တဲ့နည်းလမ်းပါ။
၎။ မျက်ခုံးနှစ်ခုကြားမှာ အာရုံစိုက်ပြီး တရားမှတ်နေလို့လည်း ရပါတယ်။ မျက်လုံးပိတ်ပြီး မျက်ခုံးနှစ်ခုကြားကို အာရုံစိုက်ထားတဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
Soource : msn
Photos : ibtimes, meditation.blogspot  Credit :Trend Myanmar