သိပ္ပံပညာရှင်တွေ ထုတ်ပြန်လိုက်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ၀တ်သင့်တဲ့ အ၀တ်အစားအရောင်



အရောင်ဆိုတာ သင့်ကို စိတ်စွမ်းအင်တွေ ပေးစွမ်းနိုင်တဲ့အရာပါ။ ဒါ့အပြင် သင့်ကို စိတ်ခံစား မှုများစွာကိုလည်း ပေးနိုင်ပါသေးတယ်။ တစ်ခါတစ်လေမှာ သင်ဝတ်ထားတဲ့ အကျီအ၀တ်အစားအရောင်ကြောင့် သင့်စိတ်တွေ ထိုင်းမှိုင်းနေတာ၊ စိတ်ဓာတ်ကျသလို ခံစားနေရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါက ကိုယ့်စိတ်ခံစားချက်ပါ။ နောက် အရောင်ကြောင့် သင့်အပေါ်ထားတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပစ်နိုင်တာလည်း ရှိပါတယ်။ ဒီအရောင်ဝတ်လိုက်လို့ ပိုပိန်သလို ဖြစ်သွားစေတာမျိုး၊ ဒီအရောင်က အလုပ်ခွင်အင်တာဗျူးအတွက် အဆင်ပြေသင့်လျော်တာမျိုးပေါ့။

အရောင်တွေနဲ့ပတ်သက်ပြီး လေ့လာမှုတွေဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တဲ့အပြင် ပိုမိုတိကျတဲ့ အဖြေတွေလည်းထွက်ရှိ လာခဲ့ပါတယ်။ ဒီတစ်ခါပြောပြချင်တာကတော့ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ GYM ဆော့တဲ့အခါ ဘယ်လိုအရောင်တွေကို ရွေးချယ်ဆင်မြန်းသင့်သလဲဆိုတာကိုပါ။

အဖြေကတော့ လိမ္မော်ရောင်ပဲ ဖြစ်ပါတယ်။ HuffPo ရဲ့ ထုတ်ပြန်ချက်အရ လိမ္မော်ရောင်ဟာ စိတ်ဓာတ်ကိုပိုမိုတက်ကြွစေပြီး တခြားပြင်ပအတွေးတွေကိုပါ လျှော့ချပေးကာ ကိုယ်လုပ်ဆောင်နေတဲ့အရာကို ပိုမိုအာရုံစိုက်ဖြစ်အောင် တွန်းအားပေးပါတယ်တဲ့။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine