အကိုက်အခဲပျောက်ဆေးက အမျိုးသမီးတွေမှာ အကြားအာရုံဆုံးမှု ဖြစ်ပွားစေနိုင်




ခေါင်းကိုက်တာလောက်တောင် အကိုက်အခဲပျောက်ဆေးတွေ မှီဝဲတတ်တဲ့အကျင့်ရှိပါသလား။ သတိထားပါ၊ ၆ နှစ် သို့မဟုတ် ထိုထက်ပိုပြီး  အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲတဲ့ အမျိုးသမီးတွေဟာ တစ်နှစ်ထက် ပိုသုံးစွဲခဲ့သူတွေထက် အကြားအာရုံဆုံးရှုံးမှုအန္တရာယ် ပိုများကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

အကြားအာရုံဆုံးရှုံးခြင်းက အင်မတန်အတွေ့များတဲ့ ရောဂါဖြစ်ပြီး ဘဝမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ရှိနိုင်တယ်လို့ အမေရိကနိုင်ငံ Brigham and Women's Hospital က သမားတော်တစ်ဦးဖြစ်တဲ့ Gary Curhan က ပြောဆိုခဲ့ပါတယ်။ Ibuprofen သို့မဟုတ် acetaminophen သုံးစွဲမှု သက်တမ်းကြာလေ၊ အကြားအာရုံဆုံးရှုံးမှု အန္တရာယ်ပိုများလေလို့ လေ့လာမှုရလဒ်အဖြေတွေက ဖော်ပြခဲ့ပါတယ်။

အကြားအာရုံနဲ့ ပုံမှန်တစ်ခါသောက် aspirin သုံးစွဲသက်တမ်းနှစ်ခုကြား သိသာတဲ့ ဆက်စပ်မှုမတွေ့ရဘူးရပါဘူး။ အကိုက်အခဲပျောက်ဆေးသုံးစွဲမှုကြောင့် အကြားအာရုံဆုံးရှုံးမှု ပိုမိုကြီးမားတဲ့အန္တရာယ်က အသင့်အတင့်ရှိပေမယ့် ဒီဆေးဝါးတွေ ဘယ်လောက်ထိ သုံးလဲထည့်သွင်းစဉ်းစားပါက အန္တရာယ်အနည်းငယ် တိုးပွားလာမှုက အရေးကြီးတဲ့ ကျန်းမာရေးဂယက်ရိုက်မှုတွေ ရှိနိုင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှု စဉ်းစားရင် အမျိုးသမီးတွေမှာဖြစ်ပွားတဲ့ အကြားအာရုံဆုံးရှုံးမှု ခန့်မှန်းခြေအားဖြင့် ၅.၅% ဟာ ibuprofen သို့မဟုတ် acetaminophen သုံးစွဲခြင်းကြောင့် ဖြစ်နိုင်တယ်လို့ Curhan က ထပ်မံပြောဆိုခဲ့ပါတယ်။

ယင်းလေ့လာမှုအတွက် သုတေသနအဖွဲ့ဟာ အသက် ၄၈ နှစ်နဲ့ ၇၃ နှစ်ကြား အမျိုးသမီး ၅၄,၀၀၀ ကို စစ်ဆေးခဲ့ပါတယ်။ aspirin ၊ ibuprofen သို့မဟုတ် acetaminophen သုံးစွဲမှုအပေါ် အချက်အလက်တွေ အသေးစိတ်ခွဲခြမ်းလေ့လာခဲ့ကြပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine