ဆိုနီက စမတ်ဖုန်းဂိမ်းများ ထုတ်လုပ်ဖြန့်ချိမည်

play

ဂျပန်အခြေစိုက် Sony ကုမ္ပဏီက လာမယ့်နှစ်အတွင်း စမတ်ဖုန်းဂိမ်းများ ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Sony က ဂိမ်းထုတ်လုပ်ရေး နယ်ပယ်မှ ပြိုင်ဘက်ဖြစ်တဲ့ Nintendo ရဲ့ Pokemon GO အောင်မြင်မှုအပေါ် အတုယူပြီး ၎င်းတို့ကိုယ်တိုင်လည်း စမတ်ဖုန်းဂိမ်းများ ထုတ်လုပ်ဖြန့်ချိရန် ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။
play

Sony နဲ့ ဂိမ်းရေးဆွဲတဲ့ ကုမ္ပဏီများ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဂိမ်းတွေကို Apple iOS နဲ့ Google Android စနစ်သုံး မိုဘိုင်းအသုံးအဆောင်မှာပါ ကစားနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ဒီဇင်ဘာ ၇ ရက်မှာ Sony က ထုတ်ပြန်ပြောကြားမှုအရ မိုဘိုင်းဂိမ်း ၆ မျိုးကို လာမယ့်နှစ် ဧပြီလမှာစတင်ပြီး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
အဆိုပါ မိုဘိုင်းဂိမ်းများအနက် PaRappa the Rapper နဲ့ Arc The Lad ဂိမ်းတို့ ပါဝင်ကြောင်းလည်း သိရပါတယ်။ Sony က ထုတ်လုပ်ဖြန့်ချိတဲ့ မိုဘိုင်းဂိမ်းတွေကို ကနဦးအနေနဲ့ ဂျပန်နိုင်ငံမှာ ရယူဆော့ကစားနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ အာရှနိုင်ငံတွေမှာလည်း ဆော့ကစားနိုင်မယ်လို့ Sony မိုဘိုင်းဂိမ်းဌာန အကြီးအကဲ တိုမိုကီ ကာဝါဂူချီက ပြောပါတယ်။
Source & Photo: CNA
Share on Google Plus

About Myanmar Magazine