Breaking News

အသလက်တီကိုမှ ဂရိဇ်မန်းကို ပေါင်သန်း ၆၀ ဖြင့် မန်ယူစတင်ကမ်းလှမ်း

play

အသလက်တီကိုအသင်းရဲ့ ပြင်သစ်ကစားသမား ဂရိဇ်မန်းကို ခေါ်ယူဖို့အတွက် မန်ယူအသင်းဘက်က ပေါင်သန်း ၆၀ နဲ့ စတင်ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။
play

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အသလက်တီကိုအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂရိဇ်မန်းဟာ လာမယ့်နှစ်မှာ အသင်းပြောင်းဖို့ အလားအလာအများဆုံး ကစားသမားဖြစ်နေပါတယ်။ အသင်းနည်းပြ ဆီမြွန်နီကလည်း လာမယ့်နွေရာသီမှာ အသင်းနဲ့လမ်းခွဲပြီး အင်တာမီလန်အသင်းကို ကိုင်တွယ်သွားဖို့ ရှိနေတာကြောင့် အသလက်တီကိုရဲ့ အဓိက ကစားသမားအချို့ဟာ အသင်းကိုစွန့်ခွာဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
play

ဂရိဇ်မန်းကို ခေါ်ယူဖို့ အသင်းနည်းပြမော်ရင်ဟိုကိုယ်တိုင် ဆန္ဒရှိနေတာဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းက အဓိကထား ခေါ်ယူမယ့် ကစားသမား ဖြစ်လာမှာပါ။ တိုက်စစ်မှူး ဂရိဇ်မန်းကို အသလက်တီကိုအသင်းဘက်က ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းထံကို မရောက်သွားဖို့ အဓိကထားဆောင်ရွက်နေတာကြောင့် မန်ယူအသင်းအတွက် ပိုပြီး အားသာချက်ရှိနေတာဖြစ်ပါတယ်။ နွေရာသီမှာ အသင်းနည်းပြ ဆီမြွန်နီ အသင်းကထွက်မယ်ဆိုရင် ဂရိဇ်မန်းလည်း မန်ယူရောက်လာဖို့ ရာနှုန်းများမှာ ဖြစ်ပါတယ်။
Source : The Sun  

Credit :duwun