Breaking News

ချောင်းဆိုးနေလျှင် မပြုလုပ်သင့်သည့်အချက်များ


ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်စေ၊ အခြားဖျားနာမှုများမှဖြစ်စေ ချောင်းဆိုးသည့်ဝေဒနာ ခံစားရလျှင်ရှောင်ရှားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါတယ်။
(၁) ရေခဲ(သို့) အအေးစာများစားခြင်း
(၂) ညအိပ်ခါနီး အစားအစာများစားသုံးခြင်း
(၃) ညအိပ်ချိန်တွင် ခန္ဓာကိုယ်ကိုပက်လက် အနေအထားအိပ်ခြင်း
(၄) ဆီကြော်အစားအစာများစားသုံးခြင်း
(၅) ဆေးလိပ်သောက်ခြင်း
(၆) အရက်နှင့် အဖျော်ယမကာ များသောက်သုံးခြင်း
(၇) အနားမယူဘဲ အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခြင်း
တို့မှ ရှောင်ကြဉ်သင့်ပါတယ်။ ချောင်းဆိုနေလျှင် ညဖက်အိပ်သည့်အခါ ခန္ဓာကိုယ်ကို ဘေးစောင်းအနေအထားဖြင့်အိပ်သင့်ပါတယ်။ ဆရာဝန် ညွန်ကြားသည့်ဆေးများသောက် သုံးသင့်သည့်အပြင် ဂျင်း နှင့် ပျားရည် ကိုရေနွေးပူဖြင့်ဖျော်ထားသော ဂျင်းရည်ကိုလည်း ချောင်းဆိုးသည့် ဝေဒနာပျောက်ကင်းဖို့ သောက်သုံးနိုင်ပါတယ်။သက်မြတ်နိုးဝေ (ပစ်တိုင်းထောင်)