Breaking News

တစ်ပြိုင်တည်း ရည်းစားသုံးယောက် ထားလို့ရတဲ့ မြို့

play

တစ်လင်တစ်မယား စနစ်ဆိုတာ လူမှုပတ်ဝန်းကျင်က သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဒီစည်းမျဉ်းချိုးဖောက်သူတွေကို လူအဖွဲ့အစည်းအတွင်းမှာ လက်မခံတက်ကြပေမယ့် လိုလိုလားလား လက်ခံတဲ့ မြို့လေးတစ်မြို့ရှိပါတယ်။
တရုတ်ပြည်က ဒေါင်ဂွမ်းဆိုတဲ့ စက်မှုဇုန်မြို့ကလေးမှာ အမျိုးသမီးဝန်ထမ်းတွေကိုသာ အများစု ခန့်အပ်ထားလေ့ရှိပါတယ်။ ဒါက စက်ရုံတွေရဲ့ မူဝါဒကြောင့်ပါ။ ဒါကြောင့် ဒေါင်ဂွမ်းမြို့ကလေးမှာ စက်မှုဇုန်မှာလုပ်တဲ့ အမျိုးသားဝန်ထမ်းတွေ မရှိကြပါဘူး။ အမျိုးသားအလုပ်သမားတွေ အတွက်နေရာ သိပ်မရှိတော့တဲ့ နောက်ဆက်တွဲအဖြစ် ဒေါဂွမ်းမြို့မှာ အမျိုးသားဦးရေက အလွန်ရှားပါလာပါတယ်။ တကမ္ဘာလုံးနီးပါး အသုံးပြုကြတဲ့ အိုင်ဖုန်းနဲ့ အိုင်ပတ်တွေကို အဲဒီမြို့က စက်ရုံတွေမှာ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပါတယ်။
play

ဒါကြောင့် ဒီမြို့မှာ နေထိုင်ကြတဲ့ အမျိုးသားတွေဆီမှာ အနည်းဆုံးရည်းစားနှစ်ယောက်ကနေ သုံးဦးအထိ ရှိတက်ကြပါတယ်။ ဒါကိုသူတို့ရဲ့ ရည်းစားတွေ ကိုယ်တိုင်လည်းသိပါတယ်။ ဒါပေမယ့် မြို့ရဲ့ အခြေအနေက အမျိုးသားရှားပါးတာကြောင့် သည်းခံပေးကြရပါတယ်။ မြို့လယ်လမ်းမမှာ အမျိုးသားတစ်ဦးက အမျိုးသမီး နှစ်ဦးကို လက်ခြင်းချိတ်သွားနေတဲ့ မြင်ကွင်းမျိုးက အဆန်းမဟုတ်တော့ပါဘူး။
play

အဲဒါကြောင့် ဒေါဂွမ်းမြို့ကို လိင်မှုရေးရာမြို့တော်လို့လည်း နောက်ကွယ်မှု တိတ်တဆိတ် နာမည်တပ်ကြပါတယ်။ သဘောကတော့ တရားဝင်ရည်းစားသုံးယောက်လာတော့ အသာလေး ထားလို့ရတာကြောင့်ပါ။ အဲဒီမြို့မှာ ရည်းစားရှာရတာ အလုပ်ရှာရတာထက် ပိုလွယ်တယ်လို့ အမျိုးသားတွေက ပြောကြပါတယ်။
Source & Photos : Mirror  Credit :duwun