ဘယ်အချိန်ဟာ နေ့လည်စာစားဖို့ လုံးဝငြင်းပယ်သင့်တဲ့အချိန်လဲ




နေ့လည်စာ စားဖို့တောင် သတိမရဘဲ နေ့ခင်းဘက်ထိ စိတ်ဝင်တစား အလုပ်လုပ်နေမိတဲ့အချိန်တွေ ရှိဖူးကြမှာပါ။ အဲဒီအခါ အိမ်ကနေ ထည့်လာတဲ့ ထမင်းဘူး/ချိုင့်ကို သင် ဖွင့်စားလိုက်ပါလိမ့်မယ်။ အဲဒီအချိန်ထိ ထမင်းက ကောင်းသေးရဲ့လား။

သိပ်မကောင်းတော့ပါဘူး။ ဝိတ်ချဖို့ ကြိုးစားနေရင် ညနေ ၃း၀၀ နာရီမတိုင်ခင် နေ့လယ်စာ စားသင့်တယ်လို့ American Journal of Clinical Nutrition က မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရပါတယ်။

သိပ္ပံနည်းကျကျပြောရရင် အာသီသရှိခြင်းကို circadian rhythms ခေါ် ကိုယ်တွင်းနာရီနဲ့ ထိန်းချုပ်ထားပါတယ်။ ဒါ့ကြောင့် နေ့ဘက် ထမင်းစားနောက်ကျတဲ့အခါ ကယ်လိုရီထုတ်လုပ်မှုဖြစ်စဉ် ပိုပြီး အခက်အခဲ ရှိနိုင်ပါတယ်။ လက်တွေ့ကျကျဆိုရရင် ထမင်းစားချင်စိတ် ငမ်းငမ်းတက်ဖြစ်တဲ့အချိန်ထိ စောင့်ပါက ထမင်းဟာ စားချင်စရာသိပ်မကောင်းတော့ဘဲ ဘီစကွတ်မုန့်လေးတွေသာ ပိုစားချင်နေပါလိမ့်မယ်။

ဒီတော့ ညနေ ၃း၀၀ နာရီထက် စောစားတာက ဝိတ်ကျစေမှာတဲ့လား။ သူ့အလိုလိုတော့ ကျမှာမဟုတ်ပါဘူး။ စားသုံးတဲ့ ကယ်လိုရီအချိုးကျတွက်ချက်ပြီး ကိုယ်ကာယလှုပ်ရှားမှုပမာဏတိုးမြင့်ခြင်းက အရေးပါဆုံးအချက်တွေထဲမှာ ပါဝင်နေပါသေးတယ်။ ဒါ့ကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် နေ့လည်စာကို ၃နာရီမတိုင်ခင် စားဖို့ လိုအပ်ပါတယ်။

Credit :Trend Myanmar

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.