Breaking News

ကြာဇံဟင်းခါးပူပူလေး လုပ်စားကြမယ်

play

ဒီလို ဆောင်းတွင်းအေးအေးမှာ စနေ၊ တနင်္ဂနွေအားလပ်ရက် အိမ်မှာ လူစုံတုန်း ကြာဇံဟင်းခါး ချက်စားကြရင် အရမ်းပျော်စရာကောင်းပါတယ်။
ကြာဇံဟင်းခါးချက်ဖို့ လိုအပ်တဲ့ ပစ္စည်းများ
၁။ ဂျုံကြာဇံ  -  ၂၅ ကျပ်သား
၂။ ကြက်သား - ၁၀ ကျပ်သား
၃။ မှိုခြောက်ပန်းခြောက် - အနည်းငယ်
၎။ ပဲပြား - ၂ တုံး
၅။ နံနံပင် - အနည်းငယ်
၆။ ငရုတ်သီးမှုန့်
၇။ သံပုရာသီး
၈။ ငံပြာရည်
၉။ ငရုတ်ကောင်း
၁၀။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ
၁၁။ ချင်း
၁၂။ ငုံးဥ
play

ကြာဇံဟင်းခါး ပြုလုပ်နည်း
၁။ကြက်သားကို ဆား၊နနွမ်းနယ်ပြီး ပြုတ်ပါ။
၂။ ကျက်ရင် အသားနွှာထားပါ။
၃။ ကြာဇံကို ရေစိမ်ထားပါ။
၎။ မှိုခြောက်ပန်းခြောက်တွေကိုလည်း ရေစိမ်ထားပါ။
၅။ ပဲပြားကို အနေတော် အတုံးလေးတွေလှီးပြီး ကြော်ထားပါ။
၆။ ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး ကျက်ရင် ချင်း၊ ကြက်သွန်ဖြူနဲ့ အရောင်တင်ထည့်ပါ။ ကြက်သားလည်းထည့်ပြီး ဆီသပ်ပါ။
၇။ ပြီးရင် ရေနို့ဆီဗူး ၅ ဗူးနဲ့ ကြက်သွန်နီဥ ထည့်ပြီး အုပ်ထားပါ။
၈။ ဆူပွက်လာရင် မှိုခြောက်ပန်းခြောက်ထည့်ပါ။
၉။ ရေစိမ်ထားတဲ့ ကြာဇံကိုလည်း ထည့်ပါ။
၁၀။ ပဲပြားကြော်ထည့်ပါ။ ငုံးဥထည့်ပါ။
၁၁။ အပေါ့အငန် အနေတော်ဖြစ်ရင် ချလို့ရပါပြီ။
play

စားချင်တဲ့အချိန်ကျမှ ငရုတ်ကောင်း၊ ငရုတ်သီးမှုန့်၊ သံပုရားသီး၊ နံနံပင်နဲ့ ကြက်သွန်နီတို့ကို ကြိုက်နှစ်သက်သလို ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
Source : ဟင်းချက်နည်းစုံ
Photos : sarpaypyoeooyin, wutyeefoodhouse   Credit :Trend Myanmar