Breaking News

ဂိုးသမား ဟူဂိုလောရစ်ကို တော့တင်ဟမ်ဟော့စပါး စာချုပ်သစ်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ

တော့တင်ဟမ်ဟော့စပါးအသင်းက ဂိုးသမား ဟူဂို လောရစ်ကို စာချုပ်သစ်နဲ့ သက်တမ်းတိုးလိုက်ပါတယ်။

စာချုပ်သစ်ကြောင့် ဂိုးသမားဟာ အသင်းမှာ ၂၀၂၂ ခုနှစ်အထိ ရှိနေမှာပါ။

အသက် ၂၉ နှစ်အရွယ် ပြင်သစ်ဂိုးသမားဟာ လိုင်ယွန်အသင်းကနေ ၂၀၁၂ ခုနှစ်မှာ စပါးအသင်းကို ရောက်ရှိလာတာပါ။

သူဟာ စပါးအတွက် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးထားပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ ၈၅ ပွဲ ကစားပေးထားပါတယ်။

ပြင်သစ်လက်ရွေးစင် ဂိုးသမားဟာ စာချုပ်ဟောင်းမှာ တပတ်ကို လုပ်ခလစာ ပေါင် ၈ သောင်း ရထားပါတယ်။

Credit :Trend Myanmar