သင်ဟာ ရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်း ပြောပြတဲ့ လက္ခဏာများ




အသက်အရွယ်လေးရလာပြီ၊ သားသမီးတွေ ရပြီဆိုရင် အဲ့ဒီလူဟာ ရင့်ကျက်ပြီလို့ လူတွေကယူဆကြပါတယ်။ ဒါပေမယ့် ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးလို့ပဲ ဆိုပါရစေ။ ရင့်ကျက်မှုက အတွေ့အကြုံရယ်၊ ရင့်ကျက်သူတစ်ယောက်မှာ ရှိသင့်တဲ့ လက္ခဏာ၊ ဥာဉ်တချို့နဲ့သာ သက်ဆိုင်ပါတယ်။  သင့်မှာ ဒီလက္ခဏာတွေ တွေ့ရပါက သင်ဟာ ရင့်ကျက်သူတစ်ယောက် ဖြစ်ပါတယ်။

ရင့်ကျက်သူဆိုတာ…

အသိတရား

တကယ် ရင့်ကျက်တဲ့ ပုဂ္ဂိုလ်တွေမှာ မိသားစု၊ ဆွေမျိုး၊ မိမိကိုယ်ကိုယ်စိတ်ကျေနပ်မှုနဲ့ သူတို့ရဲ့နေထိုင်စားသောက်ပုံ၊ လူနေမှုပုံစံတွေ စတဲ့အရာအားလုံးမှာ အဆင်ပြေပြေနဲ့ပြုမူလုပ်ဆောင်တတ်ကြတာကြောင့် သူ့ရဲ့လုပ်ဆောင်ချက် တွေကို အားလုံးက အသိအမှတ်ပြုတတ်ကြပါတယ်။

သူများနဲ့ ဆက်ဆံမှု နွေးထွေးခြင်း

လူလူချင်းဆက်ဆံရေး ပျူငှာမှုမှာ ရင်းနှီးမှုနဲ့ စာနာတတ်မှု (၂) မျိုးရှိပါတယ်။ ရင့်ကျက်သူတစ်ယောက်က မိဘတွေ၊ သားသမီးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ သို့မဟုတ် ချစ်ရသူနဲ့ ရင်းနှီးမှု ပြသနိုင်ပါတယ်။ ရင့်ကျက်သူတစ်ယောက်အဖို့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး သဘောထားက ပြတ်သားပါတယ်။ မျှဝေခံစားမှုဆိုတာ လူ့အခြေခံလိုအပ်ချက်ကို နားလည်သဘောပေါက်ခြင်းနဲ့ အားလုံးအပေါ် မိသားစုလို သဘောထားတတ်ခြင်းဖြစ်ပါတယ်။ ရင့်ကျက်သူတစ်ယောက်ဟာ သည်းခံနိုင်ပြီး သူများအားနည်းချက်၊ ပျော့ညံ့ချက်တွေ မဝေဖန်ဘဲ အားလုံးအပေါ် စာနာပေးတတ်ပါတယ်။

စိတ်တည်ငြိမ်ခြင်း

ရင့်ကျက်သူတစ်ယောက်မှာ သူ့ကိုယ်သူ အကောင်းမြင်ပြီး စိတ်မချမ်းသာစရာ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ တောင့်ခံနိုင်ဖို့ အသင့်ရှိပါတယ်။ ဝမ်းနည်းမှု၊ နာကြည်းမှု၊ ဝေဖန် ပြစ်တင်မှုစတဲ့ စိတ်ခံစားချက်တွေကို ထိန်းကျောင်းတတ်တာကြောင့် သူများကိစ္စကို ဝင်မရှုပ်ကြပါဘူး။

ကျိုးကြောင်းကျကျ သိမြင်ခြင်း

ရင့်ကျက်သူတွေဟာ ဖြစ်ပျက်တဲ့အကြောင်းအရာတွေ သူတို့မှာ ဖြစ်သကဲ့သို့ သဘောထားကြပါတယ်။ တလောကလုံးကို တန်းတူ လေးစားသမှုရှိုပြီး ဘာပဲဖြစ်ဖြစ် အမှန်တရားကိုပဲ လက်ခံကြပါတယ်။

ကျွမ်းကျင်မှု

ရင့်ကျက်သူတွေဟာ သူတို့အလုပ်အတွက် ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားကြပါတယ်။

မိမိကိုယ်ကိုထိုးထွင်းသိမြင်မှု

ရင့်ကျက်သူတွေ သူတို့အရည်အချင်းနဲ့ သူတို့ချို့ယွင်းချက်တွေကို ကောင်းစွာ သဘောပေါက်ကြပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.