ကျွမ်းဘားမယ်ဟောင်းရဲ့ ပျော့ပျောင်း ညှို့ငင်တဲ့ ကိုယ်ခန္ဓာ ပြကွက်များ

play

ရုရှား ကျွမ်းဘားမယ်ဟောင်းရဲ့ ကိုယ်ခန္ဓာ ပျော့ပျောင်းကွေးညွှတ်နိုင်မှုက အံ့သြလောက်စရာ ကောင်းပါတယ်။ ရုရှား ကျွမ်းဘားမယ်ဟောင်း ဇလာတာက မကြာသေးမီက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် သူမရဲ့ ၂၀၁၆ ခုနှစ် ပြက္ခဒိန်အတွက် အံ့အားသင့်ဖွယ် ကိုယ်ခန္ဓာ ပျော့ပျောင်းကွေးညွတ်နိုင်မှု ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။
play

အရပ် ၅ ပေ ၈ လက်မရှိတဲ့ အသက် ၂၉ နှစ်အရွယ် ဇလာတာရဲ့ အမည်ရင်းက ဂျူလီယာ ဂူအန်သဲလ်ဖြစ်ပြီး သူမက စင်တီမီတာ ၅၀ အရွယ် သေတ္တာငယ်တစ်ခုအတွင်း ခွေခေါက်ကွေးညွတ် နေနိုင်ခဲ့တာကြောင့် ဂင်းနစ်စံချိန် တင်နိုင်ခဲ့သူပါ။
play

ဇလာတာက ပြက္ခဒိန်အတွက် ကိုယ်ခန္ဓာ ပျော့ပျောင်းကွေးညွှတ်နိုင်မှု စွမ်းရည်အပြင် သူမရဲ့ ညှို့အားပြင်းတဲ့ ကိုယ်နေ ဟန်ထားတွေကို ပေါ်လွင်အောင် ဓာတ်ပုံအရိုက်ခံခဲ့တာ ဖြစ်ပါတယ်။
Source & Photo: www.dailymail.co.uk

Share on Google Plus

About Myanmar Magazine