Breaking News

အိမ်မှာ သင့်ကို ပျင်းရိစေတတ်တဲ့ အရာများ



လူတိုင်း ခဏတဖြုတ်ဖြစ်ဖြစ်တော့ ပျင်းရိသလို ခံစားဖူးကြသူတွေချည်းပါပဲ။ ခဏတဖြုတ်မဟုတ်တော့ပဲ ပျင်းရိတာက နေ့စဉ်အကျင့်တစ်ခုဖြစ်လာရင်တော့ ပြသနာတစ်ခုဖြစ်လာပါပြီ။ အမြဲတမ်း လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတယ်လို့ခံစားရရင် သင့်ကို အားအင်ကုန်ခန်းစေတယ်လို့ သိရတဲ့ ဒီအချက်တွေကို လေ့လာကြည့်ပါ။

၁။ အပြာရောင်နံရံကြီးတွေ

အိပ်ခန်းနံရံတွေ အပြာရောင်ထားသင့်ပေမယ့် အခြားနံရံတွေကို ဆေးအပြာရောင်မသုတ်သင့်ဘူးလို့ သိရပါတယ်။ အဲဒီနံရံပြာပြာကြီးတွေက နှလုံးခုန်နှုန်း ကျဆင်းစေပါတယ်၊ သွေးပေါင်ကျစေပြီး အိပ်ချင်အောင် လုပ်ပေးတယ်လို့ Travelodge က လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်း

ဖုန်းခေါ်ဆိုမှု၊ တက်တ် သို့မဟုတ် အီးမေးလ်တစ်ခုခုကြောင့် အနည်းဆုံး တစ်ည ၃၊ ၄ ခါ နိုးနေမယ်ဆိုရင် အဲဒါက နောက်တစ်နေ့ အားအင်ချိနဲ့ပြီး မူးနောက်နောက်ဖြစ်စေကြောင်း National Sleep Foundation က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Junk food

အားလူးအချောင်းကြော်၊ ဘာဂါ၊ စတဲ့ အစားအစာတွေဟာ ကစီဓာတ်နဲ့ သကြားနဲ့သာ ပြုလုပ်ထားပြီး သွေးတွင်း သကြားဓာတ်ပါဝင်မှု မကြာခဏ မြင့်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ ပင်ပန်းနွမ်းနယ်စေကြောင်း သိပ္ပံနည်းကျကျ သက်သေပြထားပါတယ်။

ကွန်ပျူတာ

သေချာပါတယ်။ ဒီပစ္စည်းတွေက သက်သာလွယ်ကူအဆင်ပြေမှုနဲ့ ပတ်သက်ရင် ကျွန်ုပ်တို့ဘဝကို အမြဲတမ်း ပြောင်းလဲစေခဲ့တဲ့ ပြသနာတစ်ရပ်လည်း ဖြစ်ပါတယ်။

တီဗီ

ဝမ်းနည်းစရာပါပဲ။ သင့်အကြိုက်ဆုံးရှိုးပွဲတွေဟာ အသားရောင်ပြောင်းလဲစေတဲ့ ဟော်မုန်း melatonin ထုတ်လုပ်မှု ချုပ်ထိန်းပေးတဲ့ အပြာရောင်လှိုင်းအလျားတွေ ထွက်စေပါတယ်။ ဒီတော့ အိပ်စက်မှုအနှောင့်အယှက်ဖြစ်စေပြီး အိပ်ချိန်တိုတောင်းစေကာ နောက်တစ်နေ့ မှာ သင့်ကို ပိုမိုနွမ်းနယ်နေစေပါလိမ့်မယ်။

ကော်ဖီဖျော်စက်

ဒီစက်ကိရိယာက အားအင် ရရှိစေတဲ့ ကော်ဖီတွေ ပြုလုပ်ပေးတာမှန်ပေမယ့် ကော်ဖီကို နေ့ဘက် အရမ်းနောက်ကျပြီးမှ သောက်ရင် ညဘက် အိပ်မရဖြစ်ကာ နောက်တစ်နေ့ လေးတွဲနေစေပါလိမ့်မယ်။

Credit :Trend Myanmar