စိတ်အလှုပ်ရှားဆုံးနဲ့ စိတ်အထိခိုက်အလွယ်ဆုံး ရာသီဖွား (၅) ဦး



သင်ဟာ ၀မ်းသာစရာသတင်း၊ ဒါမှမဟုတ် ၀မ်းနည်းစရာသတင်းတစ်ခုကြားလိုက်တာနဲ့ ပျော်လို့ထခုန်တာမျိုး၊ သူငယ်ချင်းကို ချက်ချင်းပဲ ကိုယ် ၀မ်းနည်းနေတာကို နှစ်သိမ့်ပေးဖို့ ဖုန်းဆက်ခေါ်တာမျိုး ချက်ချင်းလုပ်တတ်သူဆိုရင် သင်ဟာ စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်တဲ့သူလို့ ဆိုနိုင်ပါတယ်။ စိတ်လှုပ်ရှားလွယ်တာ မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒီလို လူမျိုးတွေဟာ ကိုယ့်ကိုယ်ကို ဘယ်လိုပျော်ရွှင်အောင်ထားရမလဲဆိုတာ သိကြတာမို့ ကောင်းမွန်တဲ့ အချက်တစ်ခုလို့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်ရဲ့စိတ်လှုပ်ရှားမှုကြောင့် လုပ်ဆောင်လိုက်တဲ့အရာတွေက တစ်ဖက်လူအတွက် စိတ်အနှောင့်ယှက်ဖြစ်ရတာမျိုးတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားတာ၊ စိတ်ထိခိုက်တာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်း မတူညီပြန်ပါဘူး။ ဒီတော့ ဘယ်ရာသီခွင်တွေက စိတ်အလှုပ်ရှားဆုံး၊ စိတ်အထိခိုက်အလွယ်ဆုံးနဲ့ ဘယ်လိုပုံစံမျိုးတွေနဲ့ သူတို့ စိတ်ခံစားလွယ်တတ်ကြသလဲ ကြည့်ရအောင်။

၁။ Aries - မိဿ       ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)
ဒီရာသီဖွားကတော့ သူ့ဘ၀တစ်ခုလုံးကို အချစ်နဲ့ဖန်တီးတည်ဆောက်ချင်တာပါ။ သူတို့ဟာ သူတို့ရဲ့ခိုင်မာတဲ့အချစ်ရေးကို တန်ဖိုးထားတတ်ကြပြီး သူ့လိုပဲ သူ့ဘေးနားကလူတွေ တန်ဖိုးထားတာမျိုး လိုချင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဘယ်အရာကို ပြောပြော စိတ်အားထက်သန်စွာပြောဆိုလေ့ ရှိပါတယ်။ အဲ့ဒီလို ပြောဆိုတတ်ခြင်းတွေကြောင့်လည်း သူတို့ဟာ အခြားသူတွေရဲ့ အသိအမှတ်ပြုတာ အမြဲခံရတတ်ပါတယ်။ သတိထားရမယ့်အချက်ကတော့ သူတို့ဟာ သူတို့ မကျေမနပ်ဖြစ်ဘူး၊ စိတ်ပျော်ရွှင်မှုမရှိတော့ဘူးဆိုရင် တစ်နေရာမှာ ငြိမ်ငြိမ်လေးနေပြီး တခြားသူက ကိုယ့်ကိုနာကျင်အောင် လာလုပ်တာမျိုးကို စောင့်မနေတတ်ပါဘူး။ သူတို့ စိတ်ထဲဖြစ်လာသမျှကို ပြောဆိုနေတတ်ပြီး အခြေအနေမတည်ငြိမ်သရွေ့ စိတ်တွေတို၊ စိတ်တွေလှုပ်ရှားတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် မိဿ     ရာသီဖွားတွေ ဒေါသထွက် ရင်ကြောက်စရာကောင်းတယ် လို့ ပြောကြတာပါ။

၂။ Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )
ဒီရာသီဖွားတွေကတော့ သူတို့စိတ်ခံစားချက်တွေကို သူတို့အကျိုးကျေးဇူးတစ်ခုခုရရှိဖို့ အသုံးချက်တတ်ပါတယ်။ တစ်ခုခုဆို ဆတ်ဆတ်ထိမခံတတ်တဲ့ သဘောရှိတဲ့ ဒီရာသီဖွားတွေဟာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ကြားမှာဆိုရင် သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ ဖြစ်ချင်တတ်ပါတယ်။ ဒီရာသီဖွားတွေရဲ့ ကောင်းတဲ့အချက်ကတော့ တစ်ဖက်လူကို ဘယ်လိုစိတ်ကျေနပ် အောင်ပြောဆိုရမလဲ၊ စိတ်သက်သာရာရအောင် ပြောပေးရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ တစ်ခုရှိတာက ကရကဋ်ရာသီဖွားတွေဟာ သူတို့အချစ်ရေးနဲ့ပတ်သက်ရင်တော့ စိတ်လှုပ်ရှားစိတ်ထိခိုက်လွယ်ကြပါတယ်။ သူတို့စိတ်လှုပ်ရှား၊ ဆတ်ဆတ်ထိမခံဖြစ်လာပြီဆိုရင်တော့ တစ်ဖက်လူနာကျင်သွားအောင် ပြောတတ်ပါတယ်။ အဲ့ဒီလို ဖြစ်တဲ့အချိန်တွေမှာ သူတို့စိတ်အခြေအနေ ပြန်အဆင်ပြေစေတဲ့သူတွေကတော့ သူငယ်ချင်းတွေပါပဲ။

၃။ Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )
ကန်ရာသီဖွားတွေဟာ သူတို့ဘာသာသူတို့ သိုသိုသိပ်သိပ်နေတတ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရှက်သလိုလို ကြေက်သလိုလို ဖြစ်နေတတ်တဲ့ ဒီရာသီဖွားတွေဟာ စိတ်လှုပ်ရှားလွယ်၊ ဒေါသလည်း ဖြစ်လွယ်ကြပါတယ်။ ဒါပေမယ့် သူတို့စိတ်ထဲ ဘယ်လောက်တောင် ပူလောင်နေပါစေ လူတွေရှေ့မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပြန်ပါတယ်။ သူတို့ဟာ သူတို့စီစဉ်ထားသလို ဖြစ်မလာခဲ့ရင် စိတ်လှုပ်ရှားစိတ်ထိခိုက်တတ်ဆုံး လူတွေပါ။ သူတို့ဟာ သူတို့ချစ်တဲ့သူတွေ၊ သူတို့မြတ်နိုးတဲ့အရာတွေပေါ် အားလုံးပုံအပ်ထားတာ များတာကြောင့် တစ်ခုခု မှားသွားတာနဲ့ ပေါက်ကွဲလွယ်တတ်ပါတယ်။

၎။Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဒီရာသီဖွားတွေဟာ တစ်ခုခုဆို စိတ်ပါလက်ပါနဲ့ သေချာလုပ်ဆောင်တတ်သူတွေပါ။ ဒါပေမယ့် သူ့စိတ်ခံစားချက်တွေ အရမ်းများလာပြီဆိုရင်တော့ ဒါကို ထိန်းထိန်းသိမ်းသိမ်းလေးမနေတတ်ပါဘူး။ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ သူတို့ဟာ သင့်ကို သူခံစားနေရတာတွေ ဖွင့်ဟဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ သူတို့ဘာ့ကြောင့် ဒီလိုခံစားရတယ်ဆိုတာ သေချာပြောပြပါလိမ့်မယ်။ သူုတို့စိတ်ထဲ ခံစားရတာတွေ ၊ နာကျင်တာတွေ ရှိလာပြီဆိုရင်တော့ သူ့ကိုတစ်ယောက်တည်း ခဏထားလိုက်ပါ။ ပြီးတော့မှ အခြေအနေဘယ်လိုရှိတယ်ဆိုတာ သိရအောင် သူနဲ့ပြန်ဆက်သွယ်ပြီး အတူရှိပေးလိုက်တာ အကောင်းဆုံးပါ။

၅။ Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနုရာသီဖွားတွေကတော့ ဘ၀ကို အကောင်းမြင်တတ်တာများပြီး ဖြစ်ပျက်နေတဲ့အရာတော်တော်များများကို သူငယ်ချင်း၊ ချစ်သူတွေကို အမြဲဝေမျှပြောဆိုတတ်ပါတယ်။သူတို့ဟာ စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီဖွားတွေဟာ သူတို့အပေါ် မကောင်းဘူးလို့ ထင်တဲ့သူတွေကို ဘယ်တော့မှ ပြန်ပေါင်းတာမျိုး မလုပ်သလို တစ်သက်လုံး အကောင်းမမြင်တတ်တော့ပါဘူး။ သူ့အနေနဲ့ သူ့စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ ကြိုးစားပေမယ့် အလုပ်မဖြစ်ပါဘူး။ တစ်ခါတစ်လေမှာလည်း သူ့ရဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေကြောင့် လူတွေက သူ့ကို ရိုင်းစိုင်းတဲ့လူအဖြစ် မြင်တာမျိုးခံရတတ်ကြပါတယ်။ သူတို့ရဲ့စိတ်အခြေအနေဟာ ကောင်းရာကနေ ချက်ချင်း ဘာဖြစ်မှန်းမသိ ၀မ်းနည်းသလို၊ နာကျည်းသလို ခံစားနေရသလိုမျိုး ပြောင်းလဲသွားတတ်တာလည်း ရှိတာကြောင့် သူတို့ စိတ်ခံစားချက်တွေ ပြင်းထန်လာပြီဆိုရင် သူ ကြိုက်တဲ့အရာတွေနဲ့ စိတ်ပျော်ရွှင်အောင်လုပ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

Credit :Trend Myanmar

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.