Breaking News

တစ်ယောက်တည်း ခရီးသွားသင့်တဲ့ အကြောင်းပြချက် (၅) ခု


လူ့အသိုင်းအဝိုင်းနဲ့ နေ့စဉ် ထိတွေ့နေရသူတွေအဖို့ တစ်ယောက်တည်း ခရီးသွားရမှာ စိုးရွံ့လေ့ရှိကြပါတယ်။ တကယ်တမ်းတွေးကြည့်ရင် တစ်ယောက်တည်း ခရီးထွက်ရတဲ့နေရာမှာ အားသာချက်တွေရှိနေပါသေးတယ်။ တစ်ကိုယ်တည်း ခရီးထွက်ခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပါ။
၁။ ကိုယ့်အကြောင်း ပိုသိလာမယ်

တစ်ယောက်တည်း ဖြစ်သွားတဲ့ အခိုက်အတန့်မှာ ကိုယ့်ကိုကိုယ် ဘာလဲဆိုတာ ပိုသိဖို့ အခွင့်အရေးရှိလာပါတယ်။ သာမန်အချိန်ဆို အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ ရောထွေးပြီး ကိုယ်လိုချင်တာဘာလဲ၊ ကိုယ်ဘယ်ကိုသွားနေတာလဲဆိုတာ မစဉ်းစားဖြစ်ဘူး မလား။
၂။ ရန်မဖြစ်ရဘူး

ခရီးစဉ်မှာ ကိုယ်နဲ့ ရန်ဖြစ်ရမယ့်သူ ပါလာမှာလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ တစ်ယောက်စာဆိုတော့ ခရီးစဉ်ကို စီစဉ်ဖို့လည်း လွယ်ကူသွားမယ်။
၃။ ပိုပြီး ခွန်အားရှိလာမယ်

တစ်ယောက်တည်း ခရီးထွက်လိုက်ခ်ြငး အားဖြင့် သင့်ကိုယ်သင်ပိုပြီး ယုံကြည်ချက်ရှိလာမယ်။ လွတ်လပ်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်လာမယ်။
၎။ စွန့်စားခန်းတွေ ပိုရမယ်

သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါ သောက်ရင်းစားရင်းနဲ့ပဲ အချိန်ကုန်သွားဖို့များပါတယ်။ ကိုယ့်ဘာသာ သွားတဲ့အခါကျတော့ စက်ဘီးနဲ့ တောထဲတောင်ထဲ သွားလိုက်ချင်တယ်ဆိုလည်း ဖြစ်တာပါပဲ။
၅။ ပြင်ပလောကအကြောင်းပိုသိလာမယ်

ကိုယ့်ကိုကိုယ် အားကိုးလာရတဲ့အခါ ပြင်ပဘဝရဲ့ အခက်အခဲ အစစ်တွေကို ပိုပြီးသိလာကြပါမယ်။ အပေါင်းအသင်းတွေနဲ့ သွားတဲ့အခါမှာ ကိုယ့်ရဲ့ ဦးဆောင်နိုင်တဲ့အရည်အချင်းက ပေါ်မလာ ဖြစ်နေတက်ပါတယ်။

Source : Life
Photos  : Huffingtonpost