ပရီးမီးယားလိဂ် ရာသီဝက် အကောင်းဆုံး ကစားသမား (၁၁) ဦး

play

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီက တစ်ဝက်ကျိုးခဲ့ပြီဖြစ်ပါတယ်။ ခရစ္စမတ်ကာလအလွန် ဘောက်ဆင်ဒေးပွဲစဉ်တွေနဲ့ နှစ်သစ်ကူးကာလ ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမယ့်အချိန် ရောက်လာပါပြီ။
ပွဲစဉ်တစ်ဝက်ကျိုးချိန်အထိ ရာသီတစ်ဝက်လုံးလုံး အသင်းအတွက် ခြေစွမ်ပြခဲ့တဲ့ ကစားသမားစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ အချို့ကစားသမားတွေရဲ့ အသင်းက ရလဒ်မကောင်းပေမယ့်သူတို့ရဲ့ တစ်ဦးချင်းခြေစွမ်းပြမှုအပေါ်ကိုသာ မူတည်ပြီး ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ရောဘီဆာဗေ့ခ်ျကရွေးချယ်ထားတာ ဖြစ်ပါတယ်။
၁။ ပစ်ဖို့ဒ် (ဆန်းဒါးလန်း)
play

ဆန်းဒါးလန်းက အောက်ပိုင်းမှာ ရုန်းကန်နေရတာပါ။ ဒါပေမဲ့ ရာသီတစ်လျှောက် ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ကာကွယ်မှုတွေ့ အံ့မခန်း ဖြစ်ပါတယ်။
၂။ အက်ဇ်ပီလီကွယ်တာ (ချယ်လ်ဆီး)
play

ဒီရာသီအကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးက နောက်တန်းကစားသမား ဖြစ်ပါတယ်။
၃။ ဒေးဗစ်လုဇ် (ချယ်လ်ဆီး)
play

ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှာ ကျော်ဖြတ်ဖို့ အခက်ဆုံး ကစားသမားပါ။
၎။ ဗန်ယစ်ဂ်ျ (ဆောက်သမ်တန်)
play

ဆောက်သမ်တန်မှာ ဗန်ယစ်ဂ်ျ ခြေစွမ်းပြလွန်းနေတဲ့အတွက် အသင်းကြီးတွေကတောင် ခေါ်ယူဖို့ မျက်စိကျလာပါပြီ။
၅။ ဒီဘရိုင်း (မန်စီးတီး)
play

မန်စီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ တာဝန်အကျေဆုံး ကစားသမား ဖြစ်ပါတယ်။
၆။ ကာရစ် (မန်ယူ)
play

မန်ယူအသင်းရဲ့ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေမှုအပိုင်းနဲ့ ခံစစ်ပိုင်းကို အချိုးကျ တာဝန်ယူပေးနေတဲ့ ကစားသမား ဖြစ်ပါတယ်။
၇။ ဖာနန်ဒင်ဟို  (မန်စီးတီး)
play

မန်စီးတီးအသင်း ကွင်းလယ်ကတစ်ဆင့် မထင်မှတ်တဲ့အချိန်မှာ ဂိုးတွေသွင်းယူလေ့ရှိသူဖြစ်ပြီး တစ်ဖက်အသင်းရဲ့ ကစားကွက်ကို ဖျက်ဆီးရာမှာလည်း တာဝန်ကျေသူ ဖြစ်ပါတယ်။
၈။ ဟာဇက် (ချယ်လ်ဆီး)
play

ဒီရာသီမှာတော့ ဟာဇက်ကသူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြနေရတာဖြစ်ပါတယ်။
၉။ ဆန်းချက်ဇ် (အာဆင်နယ်)
play

အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး အဓိကတိုက်စစ်မှူးအဖြစ် ဒီရာသီမှာ တာဝန်ယူနေသူပါ။
၁၀။ အီဗရာဟီမိုဗစ်ခ်ျ (မန်ယူ)
play

အသက်အရွယ်နဲ့မလိုက်အောင် အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းပေးနေသူဖြစ်ပါတယ်။
၁၁။ ကော်စတာ (ချယ်လ်ဆီး)
play

အသင်းအတွက် ပွဲတိုင်းနီးပါး ဂိုးသွင်းပေးနေပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးဂိုးသွင်းရှင်အဖြစ် နေရာယူထားသူပါ။
Source : Mirror
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.