ငှက်ပျောဖူးစားခြင်းရဲ့ အကျိုးကျေးဇူး



လူ့ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ သဘာဝ အစားအစာများစွာ ရှိပါတယ်။ ဒါပေမယ့် လူတွေဟာ ဒီအစားအသောက်တွေရဲ့ အပြုသဘောဆောင်မှုတွေကို သတိမထားမိကြပါဘူး။ ငှက်ပျောဖူးမှာ ငှက်ပျောသီးကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ အဲ့ဒါတွေကတော့

·         သွေးအားနည်းရောဂါ ကုသပေးတယ်

·         သွေးတိုးရောလျှော့နည်းစေတယ်

·         ရာသီစက်ဝန်းပုံမှန်ဖြစ်စေတယ်

·         ကျောက်ကပ်လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေတယ်

·         ဝမ်းချုပ်သက်သာစေတယ်

·         ပြည်တည်နာ ကုသပေးနိုင်တယ်

·         သားအိမ် ကျန်းမာကြံ့ခိုင်စေတယ်

ဒီတာ့ သူ့ကို ဘယ်လိုပြင်ဆင်စားသောက်ရမလဲဆိုတာလေး ထပ်ပြောပြပေးချင်ပါတယ်။

ပြင်ဆင်ပုံပြင်ဆင်နည်းများ

၁။ ဒယ်အိုးတစ်ခုထဲ ဆီ ၂ ဇွန်းထည့်ပါ။

၂။ ပြီးတော့ မှုန်ညင်းစေ့ထည့်ပြီး တဖောက်ဖောက်မြည်တဲ့အထိ စောင့်ပါ။

၃။ လှီးထားတဲ့ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းထည့်ပြီး သေချာမွှေပါ။

၎။ အဲဒီထဲ ငှက်ပျော်ဖူး နုတ်နုတ်စဉ်းထားတဲ့ ငှက်ပျောဖူး ပေါင်းထည့်ပေးရပါမယ်။

၅။ အနံ့အရသာ ထူးခြားကောင်းမွန်စေဖို့ ဆား၊ နနွင်းမှုန့်၊ ဟင်းမွှေးရွက်တွေ ပေါင်းထည့်ပေးပါ။

၆။ ဒယ်အိုးထဲ ရေအနည်းငယ် လောင်းထည့်၊ အဖုံး ဖုံးပြီး ကျက်တဲ့အထိစောင့်ပါ။

၇။ နောက်ဆုံးအနေနဲ့ ဟင်းပွဲမဖြစ်ခင်လေးမှာ အုန်းခြစ်လေးထည့်ပြီး သေချာမွှေပါ။

၈။ အခုချိန်မှာ အပီအပြင် ဆွဲလို့ရပြီ။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.