ရေအာက်တွင် တိမ်မြုပ်ပျောက်ကွယ်သွားပြီးဖြစ်တဲ့ စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းမြို. (၁၀) မြို.


 ရှေးဟောင်းမြို.
1. Canudos, Brazil
Canudos မြို.ဟာ သမိုင်းတစ်လျှောက်မှာ အေးဆေးစွာရှိခဲ့တဲ့ ဘရာဇီးမြို.ငယ်လေး တစ်မြို.ပဲ ဖြစ်ပါတယ် ။ တရားဟောဆရာ Antonio the Counselor ဟာ ဆင်းရဲသားလယ်သမားတွေ နဲ့ ကျွန်တွေကို အစိုးရကို ဆန့်ကျင့်ဖို့ ဟောပြောလှုံဆော်ခဲ့ပါတယ် ။ တစ်နှာခန့်အကြာမှာ အာဏာပိုင်တွေနဲ့ ပြည်သူတွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၅ ရက်မှာ အဆုံးသတ်ခဲ့ပါတယ် ။ အဆုံးသတ်ချိန်မှာ ခလေးငယ်တစ်ဦး ၊ အဘိုးအိုတစ်ဦး နဲ့ အရွယ်ရောက်ပြီးသူ နှစ်ဦးသာ ရှင်ကျန်ခဲ့ပါတယ် ။ မြို.ဟောင်းအနီးမှာ ရွာတည်ပြီး ပြန်လည်နေထိုင်ခဲ့ကြပေမယ့် မြို.ဟောင်းကတော့ ရေလွှမ်းမိုး နစ်မြုပ်သွားခဲ့ပါပြီ ။

 ရှေးဟောင်းမြို.
ဒီမြို.ဟောင်းကိုတော့ ဝေလပြည်ရဲ. အတ္တလန်တစ်လို့ သတ်မှတ်ကြပါတယ် ။ Tyno Helig ဟာ တော်ဝင်မိသားစုနဲ့ ဆက်စပ်နေသလိုလို တကယ့်အဖြစ်အပျက်လိုလို ဇာတ်လမ်းတွေ အမှန်တကယ် ရှိနေပါတယ် ။ ဒီမြို.နဲ့ ပတ်သက်တဲ့ ပုံပြင်ကတော့ ဘုရင်သမီးတော်ဟာ သာမန်အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိခဲ့ပါတယ် ။ အမျိုးသားဟာ မင်းသမီးနဲ့ လက်ထပ်နိုင်ဖို့အတွက် တော်ဝင် လည်ဆွဲရတနာကို ခိုးယူခဲ့ပြီး ၊ သူဟာ လည်ဆွဲရတနာကို မျှတစွာ ရယူနိုင်ခဲ့ပါတယ်ဆိုပြီး မင်းသမီးနဲ့လက်ထပ်ကာ ဘုရင်ဖြစ်လာခဲ့ပါတယ် ။ သူ့ရဲ. ဒီမနှစ်မြို.စရာလုပ်ရပ်ကြောင့် သူတို့နေထိုင်ရာ နန်းတော်ကြီးကို တစစနဲ့ ရေလွှမ်းမိုးနစ်မြုပ်သွားတယ်လို့ ဆိုပါတယ် ။ ယနေ့မှာတော့ ရေအောက်က နန်းတော်ရဲ.ထိပ်ဖျားကို တစ်ခါတစ်ရံ မြင်တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ် ။
3. Willow Grove, USA
ဒီမြို.ဟောင်းဟာ Dale Hollow ရေကန်ရဲ. အနက်ပိုင်းမှာ တည်ရှိနေတာပါ ၊ ဒီမြို.မှာဆိုရင် ဘုရားရှိခိုးကျောင်း ၊ စတိုးဆိုင် နဲ့ ဒီဒေသက အကြီးမားဆုံး စာသင်ကျောင်းတစ်ခုတောင် ရှိတယ်လို့ ဆိုပါတယ် ။ ကမ္ဘာစစ်တုန်းက ဒီမြို.ကများစွာသော အမျိုးသားတွေဟာ ရှေ.တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့ပါတယ် ။ ထို့နောက်မှာတော့ အစိုးရဟာ ဒီဒေသနားမှာ ရေကာတာကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ အဲ့ဒေသဟာ ရေအောက်နစ်မြုပ်ခဲ့ပြီး Willow Groves ကို ကြည်လင်တဲ့ ရေကန်အောက်မှာ မြင်တွေ့ကြရမှာပါ ။
4. Dunwich, England

 ရှေးဟောင်းမြို.
Dunwich ဟာ ပင်လယ်ဆိပ်ကမ်းမြို.လေး ဖြစ်ပြီး ခရူးဆိတ်စစ်ပွဲ ကာလတွေတုန်းက ခရစ်ယာန်ဘာသာဝင်တွေရဲ. ဘာသာရေးဗဟိုချက်ခြာ မြို.လေးတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ် ။ တစ်ချိန်တုန်းက လန်ဒန်မြို.ထက်ကြီးမားခဲ့ပြီး အင်္ဂလန်ရဲ. အကြီးဆုံးမြို.တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီမြို.လေးဟာ ယနေ့မှာတော့ လူ၁၀၀ ဝန်းကျင်လောက်သာ နေထိုင်တဲ့ တံငါရွာလေးတစ်ရွာအဖြစ် ကျန်ခဲ့ပါတယ် ။ ရာသဥတု ဆိုးရွားမှုတွေကြောင့် ဒီမြို.လေးဟာ တဖြည်းဖြည်းနဲ့ ပျက်ဆီးခဲ့ရတာပါ ။ ၁၅ ရာစုနှစ်တွေတုန်း တိုးတက်စည်ကားခဲ့တဲ့ ဒီမြို.ရဲ. ဘုရားရှိခိုးကျောင်းတွေ ၊ နေအိမ်တွေ နဲ့ ဆိပ်ကမ်းအဆောက်အအုံတွေအားလုံးဟာ ရေအောက်ကိုနစ်မြုပ်ခဲ့ပြီးပါပြီ ။
5. Doggerland, North Sea

 ရှေးဟောင်းမြို.
ရှေးနှစ်ပေါင်းများစွာက North Sea မှာရှိတဲ့ Doggerland မြို.ဟာ Mesolithic မျိုးနွယ်စုတွေရဲ. မြို.ဖြစ်ပါတယ် ။ သမိုင်းပညာရှင်တွေက Doggerland မြို.ကို ဧဒင်ဥယျာဉ်ရဲ. မြောက်ဖက်မှာ တည်ရှိပြီး သက်ရှိတွေဟာ ပင်လယ်ရေမျက်နှာပြင် မမြင့်တက်လာခင်အထိ ကျက်စားနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရေမလွှမ်းခင်က ဒီမြို.မှာ များစွာသော တံငါသည်တွေနဲ့ အမဲလိုက်သူတွေ နေထိုင်ခဲ့ကြပါတယ် ။
6. Baiae, Italy

 ရှေးဟောင်းမြို.
ဒီ ရောမရှေးဟောင်းမြို.ကြီးဟာ တစ်ချိန်က ချမ်းသာတဲ့လူတွေရဲ. အနားယူအပန်းဖြေတဲ့ နေရာတွေနဲ့ ပြည့်နှက်နေတဲ့ မြို.ကြီးတစ်မြို.ပါ ။ ဒီမြို.ကြီးမှာ ရေပူရေချိုးခန်းတွေဟာ ဒီမြို.ကြီးကို နာမည်ကျော်ကြားစေတဲ့ အဓိကအချက်ပါပဲ ။ ဒါပေမယ့်လည်း ဒီခေတ်မှီမြို.ကြီးဟာ ရေတွေတက်လာနဲ့ ဘယ်လိုမှ မတက်နိုင်ပဲ ပျောက်ကွယ်သွားခဲ့ရပါတယ် ။
7. Atlit-Yam, Israel

 ရှေးဟောင်းမြို.
Carmel ကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ Neolithic settlements တွေကို Atlit-Yam လို့ သတ်မှတ်ထားပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅၀၀ ကနေ ၈၀၀၀ ကြားအတွင်း တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိရေအောက်ထဲမှာတော့ အိမ်တွေ ၊ လမ်းတွေ နဲ့ နံရံတွေရဲ. အခြေခံအဆောက်အဦးတွေကို မြင်တွေ့နေရဆဲပါပဲ ။ ဒီမြို.ကြီးဟာ ဆူနာမီလှိုင်းဒဏ်တွေကြောင့် တမဟုတ်ချင်း ပျောက်ကွယ်ခဲ့ရတာပါ ။
8. Gulf of Cambay, India

 ရှေးဟောင်းမြို.
ဒီရေအောက်မြို.ဟောင်းကြီးကိုတော့ ရေထုညစ်ညမ်းမှု တိုင်းတာရေး အဖွဲ့အစည်းတစ်ခုက ရေထုအတွင်း စစ်ဆေးမှုတွေ ပြုလုပ်နေရင်း အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာပါ ။ ဒီမြို.ကြီးကို ရှာဖွေတွေ့ရှိပြီးနောက်မှာ သမိုင်းပညာရှင်တွေဟာ Harappan နဲ့ Mesopotamian မြို.တွေထက် ရှေးကျပြီး ဒီမြို.ဟာ ကမ္ဘာပေါ်မှာ အစောဆုံးတည်ရှိခဲ့တဲ့မြို. ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ် ။ ရှာဖွေတွေ့ရှိခဲ့တဲ့ လူရိုးတွေနဲ့ သွားတွေဟာ Gulf of Cambay မြို.ဟာ နှစ်ပေါင်း ၉၅၀၀ သက်တန်းရှိပြီဆိုတာ ဖော်ပြနေပါတယ် ။
9. Pre-Incan Ruins in Lake

 ရှေးဟောင်းမြို.
Titicaca ရေကန်ကြီးမှာ များစွာသော ထူးဆန်းအံသြဖွယ်ရာတွေ ရှိနေပါပြီး ဒီကန်ကြီးဟာ ကြောက်စရာကောင်းတယ်လို့ များစွာသော ဒေသခံတွေက သတ်မှတ်ထားကြပါတယ် ။ ရေကန်ကြီးရဲ. အောက်ခြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ က ဗိမ္မာန်တွေ ၊ စင်္ကြနဲ့လမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ် ။ အကြိမ်ပေါင်း ၂၀၀ ခန့် ရေငုပ်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ရှာဖွေသူတွေဟာ ရေအောက်က များစွာသော အထိမ်းအမှတ်ကျောက်စာတိုင် နဲ့ အိုးခွက် အစရှိတဲ့ လက်မှုပစ္စည်းတွေအပြင် ရွှေသားအပိုင်းအစတွေနဲ့ အရိုးတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။
10. Shicheng, China
 ရှေးဟောင်းမြို. Ref : wonderslist

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.