Breaking News

သင့်အချစ်တော် ခွေးလေးကို လုံးဝ မကျွေးသင့်တဲ့ အစားအစာ (၅) မျိုး

play

သင့်ရဲ့ခွေးလေးက စားပွဲခုံအောက်ကနေ တမျှော်မျှော်နဲ့ ကြည့်နေတော့ သူ့ကို ကိုယ်စားနေတာကို မကျွေးဘဲထားဖို့ဆိုတာ အသည်းတော်တော်မာမှ ရမှာပါ။
ဒါပေမဲ့ အဲဒီလိုကျွေးလိုက်ရင် သူတို့အတွက် ကောင်းတာထက် ဆိုးတာ ပိုဖြစ်နိုင်ပါတယ် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး ပြောပါတယ်။
အောက်ပါအစားအစာတွေကတော့ ခွေးလေးတွေကို လုံးဝမကျွေးသင့်ပါဘူးတဲ့။
play

၁။ မြေပဲထောပတ်
ခွေးတွေဟာ မြေပဲထောပတ်နဲ့ မတည့်ပါဘူးတဲ့။ မြေပဲထောပတ်ကို စားမိလို့ ဓာတ်မတည့်တာ ဒါမှမဟုတ် နာတာရှည် ပြဿနာတစ်ခုခု ဖြစ်တဲ့ ခွေးတော်တော်များများကို ကြုံဖူးတယ်လို့ အဲဒီဆရာဝန်က ပြောပါတယ်။
play

၂။ ပီဇာဘေးသား
ဘယ်သူမှ ပီဇာရဲ့ ဘေးသားတွေကို မကြိုက်တော့ ဘူးထဲမှာ ဒီအတိုင်း ကျန်နေခဲ့တတ်ပါတယ်။ အဲဒါတွေကို ခွေးလေးတွေကို မကျွေးဘဲ လွှတ်ပစ်လိုက်ပါ။ သူတို့အတွက် အစာအဆိပ်သင့်စေပါတယ်။
play

၃။ အာလူးကြော်
ကိုယ်အာလူးကြော်စားနေချိန်မှာ ခွေးလေးက ထိုင်ကြည့်နေလည်း သနားပြီး မကျွေးလိုက်ပါနဲ့။ ဆားများတဲ့ အစားအစာတွေက ခွေးတွေနဲ့ မတည့်ပါဘူး။
play

၎။ မုန့်ချိုတွေနဲ့ ဘီစကစ်
မုန့်ချိုတွေနဲ့ ဘီစကစ်တွေက ခွေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောပါတယ်။
play

၅။ ချောကလက်
ချောကလက်ကတော့ တိရစ္ဆာန်လေးတွေကို အဆိပ်သင့်တဲ့အတွက် လုံးဝလုံးဝ မကျွေးသင့်ပါဘူးလို့ ဆိုပါတယ်။
Source & Photos : Mirror  Credit :duwun