Breaking News

အိန္ဒိယက မြွေ ဖမ်းအသက်မွေးသူ လူမျိုးစု


မြွေ ဆိပ်ဖြေဆေးထုတ်ရာဌာနရှိ မြွေ ဟောက်တစ်ကောင်ကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။မြွေဆိပ်ဖြေဆေးထုတ်ရာဌာနရှိ မြွေ ဟောက်တစ်ကောင်ကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။
ချန်ဂေါပတ်တူ – ကာလီနှင့် ဗီဒန်တို့ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေအချို့ကိုဖမ်းဖို့ အိန္ဒိယ
တောင်ပိုင်းက ကွင်းပြင်တွေဆီထွက် တိုင်း သူတို့နဲ့အတူ တံစဉ်ကလေးတစ်လက်၊ သံတူရွင်းတစ်ချောင်း၊
ပတ္တူအိတ်များ စုစည်း ချည်နှောင်ထားတဲ့ အထုပ်တစ်ထုပ်တို့ကိုပဲ ယူဆောင်သွားကြပါတယ်။
အိုင်ရူလ လူမျိုးစုအတွင်း မျိုးဆက်တစ်ခု မှ တစ်ခု လက်ဆင့်ကမ်း သင်ယူတတ်မြောက် လာတဲ့
ဒီလို ကျွမ်းကျင်တဲ့နည်းပညာဟာ ကမ္ဘာမှာ မြွေကိုက်သူဦးရေ အများဆုံးဖြစ် နေတဲ့ နိုင်ငံတစ်နိုင်ငံအဖို့
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် အလွန်အရေးကြီးလှပါတယ်။
အိန္ဒိယ တောင်ပိုင်းမြို့ဖြစ်တဲ့ ချင်နိုင်းမှာ အိုင်ရူလ မြွေဖမ်းသူများ သမဝါယမအသင်း စတင်ဖွဲ့စည်းတဲ့
၁၉၇ဝ ပြည့်လွန်နှစ်များက စပြီး အိန္ဒိယနိုင်ငံရဲ့ မြွေကိုက်မှုကုသရေး လုပ်ငန်းဟာ တိုးတက်
ပြောင်းလဲလာရာက တစ်နိုင်ငံလုံးရှိ ဆေးရုံများကို မြွေဆိပ်ဖြေ ဆေး အလုံအလောက်
ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။
ဒီလို မြွေကိုက်မှုကုသရေးလုပ်ငန်း တိုးတက်ပြောင်းလဲလာခြင်းဟာ အိန္ဒိယ တောင်ပိုင်းဒေသရဲ့
အချို့တဲ့ဆုံး လူမျိုးစု တစ်စုဖြစ်တဲ့ အိုင်ရူလတို့ရဲ့ အလွန်လိုအပ်တဲ့ ဝင်ငွေကိုလည်း ဖြည့်ဆည်း
လာနိုင်ပါတယ်။ မြွေများဖမ်းပြီး မြွေရေခွံရောင်းချ အသက်မွေး ကြတဲ့ အိုင်ရူလ မျိုးနွယ်စုဝင်တွေဟာ
ဒီနည်းနဲ့ မြွေတွေ သတ်ဖြတ် အသက်မွေးခြင်းကို အိန္ဒိယအစိုးရက တားမြစ်လိုက်တဲ့ ၁၉၇၂ ခုနှစ်ကစပြီး
အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျောက်ဆုံးခဲ့ကြရတယ်။
ကာလီဟာ ရှုပ်ထွေးသိမ်မွေ့တဲ့ မြွေရှာဖွေ ဖမ်းဆီးတဲ့ပညာကို သူ့ဖခင်ဆီက သင်ယူခဲ့ တာပါ။
သူ့ဖခင်ကလည်း သူ့မျိုးစုအတွင်းမှာ လူသိများတဲ့ အကျော်အမော် မြွေဖမ်းသမား တစ်ဦးဖြစ်တယ်။
ဖမ်းမိသော မြွေတစ်ကောင်မှ နိုဝင်ဘာ ၁၁ ရက်က မြွေဆိပ်ထုတ်ယူနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီဖမ်းမိသော မြွေတစ်ကောင်မှ နိုဝင်ဘာ ၁၁ ရက်က မြွေဆိပ်ထုတ်ယူနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ယနေ့ အသက် ၃၆ နှစ်အရွယ် ကာလီဟာ သူ့ဖခင်ဆီက ဆက်ခံရရှိထားတဲ့ ဒီပညာကိုပဲ
အသုံးချပြီး အစိုးရခွင့်ပြုလိုင်စင် တစ်လ အတွင်းမှာ မြွေတွေဖမ်း အဆိပ်ထုတ်ပြီး မြွေတွေကို
တောထဲပြန်လွှတ်ရပါတယ်။
ဒီလမှာ သူ့တာဝန်က အိန္ဒိယ အဆိပ် အပြင်းဆုံး မြွေလေးမျိုးထဲက နှစ်မျိုးဖြစ်တဲ့ လွှသဏ္ဌာန်
အကြေးခွံပါတဲ့ မြွေပွေး (sawscaled viper) နဲ့ ရပ်ဆဲလ် (Russell’s viper) နှစ်မျိုးရဲ့
အဆိပ်တွေကို သမဝါယမအသင်းရဲ့ လိုင်စင်စည်းကမ်းအတိုင်း သတ်မှတ်ချက် ပမာဏရရှိအောင်
ထုတ်ယူပေးရမှာ ဖြစ်ပါတယ်။
အဝေးပြေးကားလမ်းမကြီးနဲ့ တစ်မိုင်တောင်မဝေးတဲ့ စပါးခင်းတွေထဲမှာ မိနစ် ၂ဝ အတွင်းမှာပဲ
ခြံစည်းရိုးတိုင်ရဲ့ သစ်ခေါက် အောက်မှာ ခိုအောင်းနေတဲ့ မြွေကလေး တစ်ကောင်ကို
တွေ့လိုက်တယ်။ အညိုရောင် မြွေကလေးကို သစ်သားရောင်နောက်ခံနဲ့ အလွယ်တကူ မြင်ရဖို့
မလွယ်လှပါဘူး။
ဒါပေမဲ့ သူနဲ့အတူပါလာတဲ့ ဗီဒန်က မိနစ်ပိုင်းအတွင်းမှာပဲ အကာအကွယ်မပါတဲ့ လက်နဲ့ပဲ မြွေကို
ဆတ်ခနဲဖမ်းပြီး ပတ္တူအိတ် ထဲထည့်လိုက်တော့တယ်။
ပတ္တူအိတ်ကို အားနဲ့ စည်းချည်လိုက်တယ်။ ပတ္တူအိတ်ကို ပလတ်စတစ် ဈေးခြင်းတောင်းထဲ
ထည့်လိုက်တယ်။
”ဒီမြွေလေးဟာ လွှအကြေးခွံ မြွေပွေးအထီးဗျ။ အဆိပ်အပြင်းဆုံး မြွေတစ်မျိုးပဲ။ဆောင်းရာသီမှာ
ဒီကောင်တွေ သစ်ခေါက် တွေထဲမှာ ပုန်းခိုနေတတ်ကြတယ်။ ဒါကကျွန်တော်တို့ မြွေရှာနည်းလည်း
ဟုတ်တယ်”လို့ ကာလီက ဟန်ပါပါနှင့် ပြောပြပါတယ်။
ကာလီသည် မြွေပွေးတစ်ကောင်ဖမ်ပြီး အဆိပ်ထုတ်ပေးခ ပုံသေနှုန်း ရူပီး ၃ဝဝ (လေးဒေါ်လာခွဲ)
ရရှိပြီး မြွေဟောက် တစ်ကောင်လျှင် ရူပီး ၂,၅ဝဝ ရရှိပါတယ်။
တစ်ခါတစ်ရံ ခဏတာအတွင်းမှာပင် မြွေ တစ်ကောင်ရရှိတတ်ပြီး ကံမကောင်းလျှင် တစ်နေ့လုံး
တစ်ကောင်မှမရ။ သို့သော် မြွေဖမ်းရသည့် ဝင်ငွေဖြင့် ခုသာခံသာရှိပါတယ်။ သူ့သားသမီးများမှာ
သူလိုမဟုတ်။ ကျောင်း မှန်မှန်တက်နိုင်ကြပါတယ်။
မြွေဖမ်းသူ ကာလီက ဖမ်းမိထားသော မြွေတစ်ကောင်မှ အဆိပ်ထုတ်ယူရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီမြွေဖမ်းသူ ကာလီက ဖမ်းမိထားသော မြွေတစ်ကောင်မှ အဆိပ်ထုတ်ယူရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ
အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Rom Whitaker စတင် ထူထောင
်ဖွဲ့စည်းပေးခဲ့တဲ့ သမဝါယမ အသင်းကို အခုအခါ အိန္ဒိယ အာဏာပိုင် တွေက ကြီးကြပ်ဆောင်ရွက်လျက်
ရှိရာ မြွေများကို တစ်လအထိသာဖမ်းဆီးထားပြီး ယင်း ကာလအတွင်း လေးကြိမ် အဆိပ်ထုတ်ယူမှာ
ဖြစ်ပါတယ်။
အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်လေးမျိုးမှ အဆိပ်များကို အသက်မသေနိုင်လောက် သည့်ပမာဏစီ
ထုတ်ပြီးနောက် မြင်းများကို ထိုးသွင်းပေးလိုက်ပြီးနောက် ယင်းမြင်းများမှ ထွက်လာသည့် antigens ဖြင့်
အဆိပ်ဖြေဆေးဖော်စပ်ခြင်းဖြစ်ပါတယ်။
ဒီအဆိပ်ဖြေဆေးသာလျှင် အဆိပ်ပြင်း မြွေကိုက်ခံရသူ အားလုံးအတွက် တစ်ခုတည်းသော
စိတ်ချရတဲ့ မြွေဆိပ်ဖြေဆေးဖြစ်ပါတယ်။ ဒါပေမဲ့ အိုင်ရူလကတော့ ဗိန္ဓော ဆေးတွေလည်း
သုံးစွဲနေဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတိုင်းရင်း ဗိန္ဓောအဆိပ်ဖြေ ဆေးနည်းတွေဟာ မြွေကိုက်ခံရသူတွေကို
ဆေးရုံအချိန်မီ ရောက်အောင် ကူညီပေးကြ ကြောင်း ပြောသံတွေ ထွက်ပေါ်လာပါတယ်။
မြွေမျိုးစိတ်ပေါင်း ၂၄၄ မျိုးရှိတဲ့ အိန္ဒိယ နိုင်ငံမှာ လေးမျိုး (မြွေဟောက်၊ုမငေအယ ရပ်ဆဲလ်မြွေပွေးနဲ့
လွှသဏ္ဌာန် အကြေးခွံပါတဲ့ မြွေပွေး)ဟာ အဆိပ်အပြင်းဆုံးပါပဲ။ တစ်နိုင်ငံလုံးမှာရှိနေကြတဲ့
မြွေတွေဖြစ်ပါတယ်။
အိန္ဒိယဟာ နှစ်စဉ် မြွေကိုက်သေဆုံးသူ သောင်းချီရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျေးလက်စီးပွားရေး
အဓိကကျနေသော အိန္ဒိယမှာ လယ်သမားတွေစိုက်ခင်းထဲ ဆင်းတိုင်း မြွေဆိုးတွေနဲ့ကြုံလေ့ရှိကြတယ်။
အစိုးရထုတ်ပြန်ချက်မှာ နှစ်စဉ် မြွေကိုက် ခံရသူစာရင်းမှာ အနည်းငယ် တွေ့ရမှာပါ။
မြွေကိုက်ခံရသူတွေဟာ ဆေးရုံကိုမရောက် ကြတာကြောင့် အစိုးရစာရင်းထဲမှာ နည်းနေတာ
ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် စစ်တမ်းအရ နှစ်စဉ် မြွေကိုက်ခံရ၍ သေဆုံးသူ ၄၆,ဝဝဝ ဝန်းကျင်
ရှိနေပါတယ်။
– အေအက်ဖ်ပီ
Credit:Myanmar Time