အမျိုးသမီးအများစုက လိင်နှစ်မျိုးလုံးစိတ်ဝင်စားသို့မဟုတ် လိင်တူစိတ်ဝင်စားသူများသာဖြစ်

play

အမျိုးသားများအတွက် စိုးရိမ်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအများစုဟာ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားတက်သူ(bisexual) ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် လိင်တူခြင်းသာ စိတ်ဝင်စားကြသူတွေဖြစ်နေကြောင်းပါ။
play

ဒါပေမယ့် ဆန့်ကျင်ဘက်လိင် တစ်မျိုးတည်းအပေါ်ကိုသာ စိတ်ဝင်စားတဲ့အမျိုးသမီးကတော့အတော်ာလေးကို ရှားပါးတယ်လို့ လေ့လာချက်က ဖော်ထုတ်လိုက်ပါပြီ။ စစ်တမ်းထဲမှာ ကိုယ့်ကိုကိုယ် ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားပါတယ်လို့ ဖြေဆိုထားသူအမျိုးသမီးတွေကိုယ်တိုင် အမျိုးသမီးတစ်ဦးရဲ့အဝတ်မပါ ခန္ဓာကိုယ်ကို မြင်လိုက်ရင် ရင်လှိုက်ဖိုသွားလေ့ရှိတယ်လို့ ဝန်ခံကြပါတယ်။
play

Essex တက္ကသိုလ်ရဲ့ စိတ်ပညာဌာနက ဒေါက်တာရီဂျားက ဒါကိုဦးဆောင်လေ့လာခဲ့သူပါ။ အမျိုးသမီး ၃၄၅ ဦးကိုခေါ်ယူလေ့လာတာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အဝတ်မပါတဲ့ဗီဒီယိုဖိုင်ကို ကြည့်ခိုင်းပါတယ်။ အဲဒီအခါ ၈၂ ရာခိုင်နှုန်းသော  အမျိုးသမီးတွေက အမျိုးသား၊အမျိုးသမီးမရွေး အဝတ်မပါတဲ့သူကို တွေ့လိုက်တာနဲ့ စိတ်လှုပ်ရှားသွားကြတာ ပါတယ်။ သူတို့ရဲ့မျက်လုံးသူငယ်အိမ် ကျဉ်းသွားတာ၊ ကျယ်သွားတာကိုကြည့်ပြီး စိတ်လှုပ်ရှားမှု ဖြစ်မဖြစ်ကို ဆုံးဖြတ်တာပါ။
လိင်တူနှစ်သက်သူပါလို့ ဝန်ခံထားကြတဲ့ အမျိုးသမီးတွေကို လေလ့ာရာမှာတော့ ဆန့်ကျင်ဘက် အမျိုးသမီးတွေကို တွေ့တဲ့အခါ တု့န်ပြန်မှုက အမျိုးသားတွေအတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလေ့လာချက်အရ အမျိုးသမီးတွေရဲ့ လူမြင်ကွင်းမှာ အပေါ်ယံနေထိုင်မှုကိုကြည့်ပြီး သူတို့ရဲ့ လိင်မှုဘဝကို မဆုံးဖြတ်နိုင်ပါဘူးလို့ ဒေါက်တာ ရီဂျားက သုံးသပ်ပါတယ်။
source : www.telegraph.com
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.