Breaking News

ခရစ္စမတ်အတွက် အလှဆင်ထားတာတွေကို ဘယ်အချိန်မှာ ဖြုတ်သင့်လဲ

play

ခရစ္စမတ်အတွက် အလှဆင်မှုဟာ အကြာကြီးထားရတဲ့ အလေ့အထရှိပေမဲ့ ဘယ်လောက်အထိ ကြာကြာထားရမယ်ဆိုတာ အတိအကျသိတဲ့သူ မရှိပါဘူး။ တချို့က Boxing Day နေ့မှာ အလှဆင်ထားတာတွေကို ဖြုတ်ကြပါတယ်။ တချို့ကျပြန်တော့ ဇန်နဝါရီ ၁ ရက်နေ့မှာ ဖြုတ်တယ်လို့ ဆိုပါတယ်။
တရားဝင်အားဖြင့်တော့ ၁၂ ည ကျော်တဲ့အခါ ကြိုက်တဲ့အချိန် ဖြုတ်လို့ရပါတယ်။ ဆိုလိုတာက ခရစ္စမတ်နေ့ပြီးလို့ ၁၂ ည ကျော်တဲ့နေ့ (ဇန်နဝါရီလ ၅) ရက်နေ့က စလို့ ဖြုတ်လို့ရပါပြီ။
play

ဒါပေမဲ့ လူအများစုကတော့ ဇန်နဝါရီလ ၆ ရက်နေ့ဟာ ခရစ္စမတ်ပြီး ၁၂ ညမြောက်လို့ ယူဆတဲ့အတွက် အဲဒီနေ့မှာမှ ခရစ္စမတ်အလှဆင်မှုကို ဖြုတ်သိမ်းကြပါတယ်။
တကယ်တော့ ကိုယ်ကြိုက်သလို ယူဆလို့ ရပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကို ၂၀၁၆  ခုနှစ်ထက် မဆိုးရွားစေချင်ဘူးဆိုရင်တော့ အထက်ဖော်ပြပါ နေ့တွေထဲက တစ်နေ့နေ့မှာ ခရစ္စမတ်အလှဆင်ပစ္စည်းတွေကို ဖြုတ်သင့်ပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့မှာ မဖြုတ်သိမ်းမိဘူးဆိုရင်တော့ ကံဆိုးခြင်းကို ရှောင်ကြည်နိုင်တဲ့နေ့ ရှိပါတယ်။ ၁၅၀၀ ပြည့်နှစ်တွေတုန်းက ခရစ္စမတ်အလှဆင်ပစ္စည်းတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာမှ ဖြုတ်သိမ်းကြတဲ့အတွက် အဲဒီနေ့ဟာလည်း တရားဝင်ပါသေးတယ်။
Source & Photos : Metro