Breaking News

ဂျနီဖာလိုပက်စ်အတွက် အတက်အကျတွေများတဲ့ ၂၀၁၆

play

ဒီနှစ်ထဲမှာ စိတ်ဓာတ်က တက်လိုက် ကျလိုက်ဖြစ်နေတယ်လို့ ဂျနီဖာလိုပက်စ်က ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဟောင်း အဆိုတော် မက်ခ်အန်သိုနီနဲ့ ရခဲ့တဲ့ ၈ နှစ်အရွယ် အမြွှာကလေးနှစ်ယောက်အပါအဝင် သူမပိုင်ဆိုင်သမျှအတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။
ဂျေလိုဟာ အင်စတာဂရမ်ကနေ ပရိသတ်ကြီးကို နှုတ်ဆက်ခဲ့ကာ သူမခံစားသမျှကို ပြောပြခဲ့တာဖြစ်ပါတယ်။
play

"အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ။ ကျွန်မမှာ တစ်နှစ်တစ်ခါ လုပ်လေ့လုပ်ထရှိတဲ့အရာတစ်ခုရှိတယ်။ အဲဒါက လူတွေအားလုံး အိပ်တဲ့အချိန်မှာ ခရစ္စမတ်သစ်ပင်နားထိုင်ပြီး ဖြတ်ကျော်ခဲ့တဲ့ နှစ်တစ်နှစ်အကြောင်း စဉ်းစားတာပဲ။ ကိုယ့်ဘဝထဲက အရာအားလုံးအတွက် ခံစားချက်ကို စစ်ဆေးတယ်။ ဒီသစ်ပင်ရဲ့ အစွမ်းက ကျွန်မရဲ့အတွေးတွေနဲ့ ခံစားချက်တွေအထိ အရောက်ပို့ပေးတယ်။ ဒီနှစ်မှာတော့ ကျွန်မရဲ့နှလုံးသားက ပြည့်နေတယ်လို့ ပွင့်လင်းစွာပဲ ပြောချင်ပါတယ်။ အတက်အကျတွေ များတယ်။ ဒါပေမဲ့ ကျွန်မက ဒီနားနေခန်းထဲမှာထိုင်ပြီး ကျွန်မရဲ့အုန်းသီးလေးတွေကတော့ အပေါ်ထပ်မှာ အိပ်မောကျနေလေရဲ့။ ကျွန်မတို့အားလုံး ကျန်းမာပါတယ်။ အိမ်ကတော့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပြည့်နေတယ်။ အချစ်တွေနဲ့ ကျွန်မကို ဝန်းရံထားပြီး ကျွန်မဘဝထဲက အရာအားလုံးအတွက် ကျေးဇူးတင်စိတ်တွေ ခံစားနေရတယ်။ အားလုံးပဲ ပျော်စရာခရစ္စမတ်ဖြစ်ပါစေ" လို့ ဂျေလိုက ရေးသားခဲ့တာ ဖြစ်ပါတယ်။
play

သူမရဲ့စိတ်ဓာတ်ကျစရာတစ်ခုကတော့ ၅ နှစ်တာ ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေတဲ့ ချစ်သူ စမတ်နဲ့ နွေရာသီမှာ လုံးဝကွဲသွားတာ အဓိက ဖြစ်ပါလိမ့်မယ်။
အစပိုင်းမှာတော့ စမတ်ဟာ သူမနဲ့အတူ ပွဲတစ်ခုကို မလိုက်လို့ စိတ်ဆိုးတာလို့ သိရပေမဲ့ နောက်ပိုင်းမှာတော့ ကက်စပါစမတ်က သစ္စာဖောက်လို့ ဖြစ်ရတာလို့ သိရပြန်ပါတယ်။
play

သူမအတွက် စိတ်ဓာတ်တက်ကြွစရာတစ်ခုကတော့ ခင်ပွန်းဟောင်း အန်သိုနီနဲ့ မိတ်ဆွေတွေလို ပြန်နေနိုင်တာ ဖြစ်ပါလိမ့်မယ်။ သူတို့နှစ်ဦးဟာ အယ်လ်ဘမ်တစ်ခုကိုတောင် အတူထုတ်ဖို့ စီစဉ်နေကြပါပြီ။
ဒါပေမဲ့ မက်ခ်က ဂျေလိုကို စင်ပေါ်မှာ အနမ်းတစ်ပွင့်ပေးပြီး နောက်တစ်နေ့မှာပဲ မက်ခ်ဟာ ၂ နှစ်ပေါင်းသင်းလာခဲ့တဲ့ ဇနီးနဲ့ ကွဲသွားခဲ့ပါတယ်။ ဂျေလိုနဲ့ မက်ခ်နဲ့ကြားမှာ မရိုးမသားစိတ်တွေ ဖြစ်မဖြစ်တော့ သေချာမသိရပါဘူး။

လိုပက်စ်ဟာ သူမထက် ၁၇  နှစ် ငယ်တဲ့ အဆိုတော် ဒရိတ်ခ်နဲ့လည်း ကောလာဟလတွေထွက်နေပြီး ဒီလအတွင်းမှာပဲ သူမရဲ့ရှိုးပွဲကို ဒရိတ်ခ်က နှစ်ကြိမ်တိုင် ရောက်လာခဲ့ကာ ညစာလည်း အတူစားခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ သူတို့နှစ်ဦးရဲ့ အင်စတာဂရမ်အကောင့်နှစ်ခုစလုံးမှာ နှစ်ဦးသား ပွေ့ဖက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တဲ့အတွက် ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းက သေချာသလောက်ရှိနေပါပြီ။
နောက်ထပ် ဂျေလိုရဲ့ အဆင်ပြေမှုတစ်ခုကတော့ NBC ရဲ့စီးရီးသစ် World of Dance မှာ ဒိုင်အဖြစ် ပါဝင်ရတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Shades Of Blue ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားပါသေးတယ်။
Source & Photos : Daily Mail