Breaking News

သွေးကြောထဲတွင် သွေးခဲနိုင်တဲ့ အကြောင်းရင်းများ

play

၁။ အချိန်ကြာမြင့်စွာထိုင်ခြင်း
မည်သည့်အကြောင်းနဲ့မဆို အချိန်အကြာကြီးထိုင်နေခြင်းအားဖြင့် သွေးခဲများဖြစ်ပေါ် နိုင်သည့်အန္တရာယ်မြင့်မားနိုင်ပါတယ်။
play

၂၊ ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီး ၆ ပတ်အထိ သွေးခဲများဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ယင်းအချိန်အတွင်း လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းနဲ့ အခြားလေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။
၃။ အဝလွန်ခြင်း
အဝလွန်ခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုလျော့ကျလာပြီး သွေးလည်ပတ်မှု နှေးကွေးလာတတ်တဲ့အတွက် သွေးခဲများဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်မြင့်မားပါတယ်။
၎။ နှလံးခုန်နှုန်း မမှန်ခြင်း
နှလုံးခုန်နှုန်း မူမမှန်တာကြောင့် နှလုံးအပေါ်ပိုင်း အခန်းများမှာ သွေးများစုဝေးကာ သွေးခဲများဖြစ်ပေါ်လာတတ်ပြီး လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
play

၅။ သန္ဓေတားဆေးသောက်ခြင်း
သန္ဓေတားသောက်ဆေးများမှာ ပါဝင်တဲ့ ဟော်မုန်းများကြောင့် သွေးခဲများ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်မြင့်မားလာနိုင်ပြီး အချို့ဟော်မုန်းကုထုံးများကြောင့်လည်း သွေးခဲများဖြစ်ပေါ်လာနိုင်ပါတယ်။
၆။ ဓာတုကုထုံးများနှင့် ကင်ဆာကာကွယ်ဆေးများ
ဓာတုကုထုံးများနဲ့ ကင်ဆာရောဂါ ကာကွယ်ရေးဆေးဝါးပုံစံအချို့ကြောင့်လည်း ယင်းအန္တရာယ်မြင့်တက်လာနိုင်ပါတယ်။
play

၇။ ဆေးလိပ်သောက်ခြင်း
စီးကရက်မှာ ပါဝင်တဲ့ အချို့ဓာတုပစ္စည်းတွေကြောင့် သွေးကြောတွေ ထိခိုက်ပျက်စီးနိုင်ပြီး သွေးခဲများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Source : Prevention
Photos: theasianparent.com, Telegraph, nytimes,  

Credit :duwun