Breaking News

ပန်းသီးထက် အမျှင်ဓာတ် ပိုများတဲ့ စားစရာ (၃) မျိုး

play

အမျှင်ဓာတ်က အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း သန့်ရှင်းစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေက ပန်းသီးလိုမျိုး အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်လို့ များများစားပေးရမှာပါ။ ပန်းသီးထက် အမျှင်ဓာတ်ပိုများတဲ့ အစားအစာတွေလည်း ရှိနေပါတယ်။

၁။ ကုလားပဲ

play

ကုလားပဲတစ်ခွက်မှာ အမျှင်ဓာတ် ၁၆ ဂရမ်တောင် ပါဝင်လို့ ပန်းသီးတစ်လုံးမှာပါတဲ့ အမျှင်ဓာတ်ထက် ၄ ဆ နီးပါး ပိုများပါတယ်။

၂။ ထောပတ်သီး

play

ထောပတ်သီး တစ်ခြမ်းမှာတင် အမျှင်ဓာတ် ၆.၇၅ ဂရမ် ပါဝင်နေပါတယ်။ ဝိတ်ချဖို့ စဉ်းစားနေရင်တော့ ထောပတ်သီးသာ များများစားပါ။ သူက အဆာခံနိုင်တယ်လေ။

၃။ ပန်းသစ်တော်သီး

play

အချိုမကြိုက်ဘူးဆိုရင်တော့ ပန်းသစ်တော်သီးကို ရွေးနိုင်ပါတယ်။ ခပ်လတ်လတ် အရွယ်အစားရှိတဲ့ ပန်းသစ်တော် တစ်လုံးမှာ ၅.၅ ဂရမ်ရှိတဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ သူ့ချည်းသက်သက်စားမှ အမျှင်ဓာတ်အပြည့်အဝရမှာပါ။
Source & Photo : Women'shealth Credit :duwun