Breaking News

လက်သည်းအလှဆင်ရတာ နှစ်ခြိုက်သူတွေအတွက် လက်သည်းဒီဇိုင်းဆန်းများ



လက်သည်းတွေနဲ့ ပတ်သက်လာရင် ပျိုပျိုမေအများစုဟာ ဆန်းသစ်ခေတ်မီတာပဲ လိုချင်ကြပါတယ်။ မိန်းကလေးတွေဟာ ပုံစံအထူးအဆန်းလေးတွေဆိုရင် စိတ်ဝင်စားပြီးသားမို့ ဒီနှစ်ကုန်ပိုင်းမှာ ဘယ်လို လက်သည်းပုံစံလေးတွေ ခေတ်စားနေလဲ ဘယ်လိုမျိုးလေးတွေ လုပ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
 
Half and Half
သင်ဟာ လက်သည်းပုံရိုးရိုးရှင်းရှင်းနဲ့ ဆန်းဆန်းပြားပြားကြားမှာ ရွေးရခက်နေတယ်ဆိုရင် ဒီပုံစံလေးက ဖြေရှင်းပေးပါလိမ့်မယ်။ လက်သည်းတစ်ခြမ်းကို အရောင်ရင့်ရင့်ဗြောင်လေးဆိုးထားပြီးနောက်တစ်ခြမ်းကို အလှကျောက်စီထားတဲ့ဒီဇိုင်းဟာ ဘယ်တော့မှ ခေတ်နောက်ကျကျန်ခဲ့မှာမဟုတ်ပါဘူး။ ကျောက်စီကျောက်ကပ်တွေကို မကြိုက်ဘူးဆိုရင်တော့ ဘယ်ဘက်ကို အရောင်တစ်ရောင်ဆိုးပြီး ညာဘက်လက်သည်းကို တစ်ရောင်ဆိုးတာလေးစမ်းကြည့်သင့်ပါတယ်။
 
Festive Stripes
သင့်ရဲ့အကြိုက်ဆုံးခရစ္စမတ်အရောင်လေးတွေရွေးပြီး အစင်းလိုင်းလေးတွေလည်းဖော်လို့ရပါတယ်။ ခရစ္စမတ်နားနီးလာပြီဆိုတော့ အနီ၊အစိမ်းနဲ့အဖြူလေးတွေဆို အရမ်းလှနေမှာ အသေအချာပါပဲ။
 
Shetland Sweater
ဆွယ်တာပုံစံ လက်သည်းလေးတွေကလည်း သင့်ကို ချစ်စရာကောင်းတဲ့အသွင်တစ်ခုကိုပေးမှာပါ။ အကုန်လုံးကို အပြည့်မဆွဲရင်တောင် လက်သည်းလေးချောင်းလုံးကို အပြည့်ဆွဲပြီး လက်သူကြွယ်ကို အပြာအရင့်ပဲဖြစ်ဖြစ် အနီပဲဖြစ်ဖြစ် ဒီဇိုင်းထဲမှာပါတဲ့အရောင်ကို ဆိုးလို့ရပါတယ်နော်။
 
Stained Glass
လက်သည်းတစ်ချောင်းတည်းအရောင်ဖောက်ဆိုးတာက ရိုးလာတယ်လို့စိတ်ထဲမှာထင်ရင် လက်သည်းနှစ်ချောင်းကို ဒီဇိုင်းဆွဲပြီး ကျန်တဲ့လက်သည်းတွေကို အရောင်ရင့်ရင့်တွေဆိုးလို့ရပါတယ်။ အရောင်လိုက်ဖက်မှုရှိဖို့တော့ လိုအပ်တာပေါ့နော်။
 
Snowflakes
ရိုးရိုးရှင်းရှင်းအနီရောင်ကို ထပ်ပြီး updateလုပ်ချင်ရင်တော့ နှင်းပွင့်လေးတွေက ကူညီပေးပါလိမ့်မယ်။ သင့်အတွက် ခရစ္စမတ်အပြင်အဆင်တစ်ခုလည်းဖြစ်သွားတာပေါ့။
 
Seeing Stars
ကောင်းကင်ပေါ်ကကြယ်တွေကို ကြည့်ရတာ ဘယ်တော့မှမရိုးသလို လက်သည်းမှာ ကြယ်လေးတွေနဲ့အလှဆင်တာကလည်း ဘယ်တော့မှဒိတ်အောက်သွားမှာမဟုတ်ပါဘူး။ လက်သည်းအပြည့်ကြယ်လေးတွေကပ်တာက မြင်တွေ့နေကြမို့လို့ လက်သည်းပန်းကုံးနားလေးတွေနဲ့ လက်သည်းထိပ်နားတွေကိုပဲ အလှဆင်ကြည့်ရအောင်နော်။
 
Red Half Moons
ဒီလက်သည်းဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်း လက်သည်းပန်းကုံးနားမှာပဲ အကွေးပုံစံလေး ခြယ်ထားတာဖြစ်ပါတယ်။ အနီရောင်အပြင် ကိုယ်ဝတ်မယ့်Accessoriesနဲ့လိုက်ဖက်တဲ့ အရောင်တွေကိုလည်း တွဲဖက်နိုင်ပါတယ်။ ရိုးရှင်းပြီးအဆင့်အတန်းမြင့်မြင့်ပုံစံကို ကြိုက်တဲ့သူတွေကတော့အဆင်ပြေမှာပါ။
 
Chrome Tips
နောက်တစ်မျိုးကတော့ သင်အကြိုက်ဆုံးအရောင်လေးတွေကို ရွေးချယ်ပြီးထိပ်နားမှာ သတ္တုရောင်လေးတွေကို ကွပ်လို့ရပါတယ်။ အဲဒီပုံစံကတော့ ရိုးရိုးရှင်းရှင်းနဲ့ လက်လက်ထနေမှာအမှန်ပါပဲ။