အချစ်ရေးကို မစဉ်းစားသေးတဲ့ ရွှေသမီး


အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးတစ်ယောက် ဖြစ်တဲ့ ရွှေသမီးကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လို့လာခဲ့ပါပြီ။ အနုပညာအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတဲ့ ရွှေသမီးကတော့ အချစ်ရေးကိုလည်း မစဉ်းစားသေးဘူးလို့ သိရပါတယ်။

အချစ်ရေးကို မစဉ်းစားသေးသလို ဖူးစာရှင်ကိုလည်း လိုက်မရှာတော့ပါဘူးလို့ သူမက ဆိုပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေကို ဦးစားပေးနေပြီး ပရိသတ်တွေအတွက် ဒီထက်ကောင်းတဲ့ အနုပညာရသများကို ပေးစွမ်းနိုင်အောင် ဆက်ပြီး ကြိုးစားချင်သေးတယ်လို့ ပြောပါတယ်။

"တီတီနှင့်ဒိုးနက်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးက သူမရဲ့ အနုပညာလှုပ်ရှားမှုများကို ပရိသတ်တွေ ဝေဖန်အကြံပေးဖို့ကိုလည်း Myanmar Celebrity အင်တာဗျူးမှာထည့်သွင်း ပြောထားပါတယ်။ လက်ရှိမှာလည်း "သားပိုက်ကောင်" ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်းနဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source : Myanmar Celebrity
Photo   : ရွှေသမီး ဖေ့စ်ဘွတ်


Share on Google Plus

About Myanmar Magazine Onilne