Breaking News

သတင်း ထောက်ဖြစ်နေ၍ တရားခွင်တွင် သက်သေမထွက်လိုကြောင်း ကိုဆွေဝင်း ပြောကြား

Ko Swe Win
သတင်းသမားဖြစ်၍ အင်းဝအပ်ချုပ်ဆိုင် အမှုတွင် သက်သေ မထွက်ဆိုလိုကြောင်း ယင်းအမှု၌ တရားလိုပြသက်သေအဖြစ် တင်သွင်းခံထားရသည့် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း က ပြောသည်။
‘‘ကိုယ်က တရားလိုလည်း မဟုတ်ပါဘူး။ တရားခံလည်း မဟုတ်ဘူး။ မျက်မြင်သက်သေ လည်း မဟုတ်ဘူး။ သတင်းသမား ဆိုတာ တစ်ဖက်ဘက်မှာ ရပ် တယ်ဆိုတဲ့ဟာမျိုးလည်း မလုပ် ချင်ဘူး။ သတင်းပိုင်းမှာပဲ လုပ်ချင်တဲ့အတွက် မပါတာပါ’’ဟု ကိုဆွေဝင်းက ဆိုသည်။
ကိုဆွေဝင်းသည် ခုနစ်ဦး မြောက် တရားလိုပြသက်သေအ ဖြစ် တရားရုံးတွင် ထွက်ဆိုရန် ပျက်ကွက်သည်မှာ ယခုတစ်ပတ် ဒီဇင်ဘာ ၈ ရက် ရုံးချိန်းနှင့်ဆိုပါ က နှစ်ကြိမ်ရှိပြီဖြစ်သည်။
တရားရုံးတွင် သွား ရောက်ထွက်ဆိုရပါက တရားခံ များ အနေဖြင့် ဒေါသစိတ်ဖြစ်ခြင်း၊ အမုန်းပွားခြင်းများ ဖြစ်မည်ကို မလိုလားကြောင်း၊ ၎င်း၏ မိသားစု ရေရှည်လုံခြုံရေးကိုလည်း ထည့် သွင်း စဉ်းစားရကြောင်း ၎င်းက ရှင်းပြသည်။
Myanmar Now သတင်း ဌာန သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် သတင်းထောက် မအိချယ်ရီအောင်တို့ကို ကျောက်တံတား မြို့နယ် ရဲစခန်းက တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရန် ညှိ နှိုင်းသည်ကို ၎င်းတို့အနေဖြင့် သက်သေမထွက်ဆိုပေးလိုကြောင်း သဘောတူ ထားသည်ဟု ကိုဆွေဝင်းက ပြောကြားသည်။
အနောက်ပိုင်းခရိုင်တရားရုံး က တရားလိုပြသက်သေအဖြစ် တင်သွင်းသည်ကို ၎င်းတို့ ခရီး ထွက်နေသဖြင့် မသိရှိကြောင်း ကိုဆွေဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်၍ စွပ်စွဲခံ ရသူ အင်းဝအပ်ချုပ်ဆိုင်မိသားစု ဝင် ခြောက်ဦးထဲမှ ဒေါ်သီရိလတ် ၏ အကျိုးတော်ဆောင် အထက် တန်းရှေ့နေ မနှင်းစုအောင်က တရားရုံးက သက်သေထွက်ဆိုရန် ဆင့်ခေါ်ခံရသူအနေနှင့် ငြင်းဆို ခွင့်မရှိကြောင်း၊ တရားလိုဘက် က ဥပဒေအကြံပေးမှသာ တရားလိုပြသက်သေအဖြစ်မှ ပယ်ချ၍ရ ကြောင်း ရှင်းပြသည်။ ကိုဆွေဝင်း ၏ ပျက်ကွက်မှုကြောင့် ရုံးချိန်းနှစ် ကြိမ်စာ အချိန်နစ်နာသည်ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ရုံးချိန်းကို ဒီဇင်ဘာ ၁၅ ရက် သို့ ပြန်လည်ချိန်းဆိုပြီး အဆိုပါ ရုံးချိန်းသို့ Myanmar Now သတင်းဌာန သတင်းထောက် မအိချယ်ရီအောင်ကို တရားလိုပြ သက်သေအဖြစ် လာရောက်ထွက်ဆိုပေးရန် တင်သွင်းထားကြောင်း နှစ်ဖက်ရှေ့နေများထံမှ သိရှိရ သည်။
အင်းဝအပ်ချုပ်ဆိုင်တွင် အ သက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးနှစ်ဦးအား ကိုယ်လက် အင်္ဂါချို့ယွင်းသည်အထိ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်နေခြင်း ကို သတင်းထောက် ကိုဆွေဝင်းက ဖော်ထုတ်၍ မီဒီယာများက ရေးသားပြီးနောက် အပ်ချုပ်ဆိုင် မိသားစု ဝင်ခြောက်ဦးကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ)၊အပြင်းအထန် နာကျင်စေမှု၊ ချုပ်နှောင်ထားမှု၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၂၅/ ၃၄၄/၁၄၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် အရေးယူ စစ်ဆေးနေခြင်းဖြစ်သည်။
Credit: 7Day