Breaking News

အိပ်ရာထဲ ဖုန်းမသုံးသင့်တဲ့ ထိတ်လန့်စရာ အကြောင်းအရင်း



ကျွန်ုပ်တို့အားလုံး အိပ်ရာထဲဖုန်းသုံးစွဲသူတွေချည်း ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလို ဖုန်းကို အိပ်ရာထဲမှာ အဆက်မပြတ်အသုံးပြုကြတဲ့ လူမှုမီဒီယာစွဲလန်းသူတွေဟာ အချိန်ကြာမြင့်စွာ အိပ်ရေးပျက်ခြင်း ဖြစ်စေရုံသာမက တဆင့် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ခြေရှိပါတယ်။

အိပ်ရာထဲ ဖုန်းသုံးတာက ၎င်းကနေ ထုတ်ပေးတဲ့ အပြာရောင်အလင်းရောင်တွေနဲ့အတူ melanin ထုတ်လုပ်မှု ရပ်တန့်စေတာကြောင့် ညကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဖုန်းနဲ့ နီးနီးကပ်ကပ် အိပ်တာက လည်း ကင်ဆာရောဂါဖြစ်စေတဲ့ ရေဒီယိုသတ္တိရောင်ခြည်နဲ့ ထိတွေ့စေနိုင်တာပါပဲ။

ဒါ့ကြောင့် အိပ်ရာမဝင်ခင် အနည်းဆုံး မိနစ် ၃၀လောက် စမတ်ဖုန်းကို ကိုယ်နဲ့ ခပ်လှမ်းလှမ်းမှာ ထားထားသင့်ပါတယ်။ ဒါက သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မယ်။

Credit :Trend Myanmar