Breaking News

အမျိုးသမီးတွေ မုတ်ဆိတ်မွှေးနဲ့ အမျိုးသားတွေကို အိမ်ထောင်ဘက်အဖြစ် ပိုမိုရွေးချယ်လိုကြ



အမျိုးသမီးအများစုဟာ မုတ်ဆိတ်မွှေးနဲ့ ကောင်လေးတွေကို မုတ်ဆိတ်မွှေးရိတ်ထားသူတွေထက် အားကိုးရလောက်တဲ့၊ ပိုမိုသင့်တော်တဲ့ လက်တွဲဖော်တွေအဖြစ် မြင်ကြတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ အမျိုးသမီးတွေ မုတ်ဆိတ်မွှေးနဲ့ အမျိုးသားတွေကို ပိုပိုကောင်းမွန်တဲ့ အချစ်ရေး ဆက်ဆံမှုအလားအလာရှိသူအဖြစ် ရှုမြင်ကြကြောင်း Journal of Evolutionary Biology မှာ ဖော်ပြတဲ့ လေ့လာမှုက ဆိုပါတယ်။

မျက်နှာအမွှေးအမျှင်တွေက ရင့်ကျက်မှုကို ဖော်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ ဒီအမျိုးသားအနေနဲ့ ပိုအခြေခိုင်ပြီး နယ်မြေသစ်မှာ အခြေချဖို့ အသင့်အနေအထားမှာ ပိုရှိနိုင်တယ်ကြောင်း ဖော်ပြထားပါတယ်။ ဒီ့အပြင် တောင့်တင်းတဲ့ မေးရိုးနဲ့ ယောက်ျားဆန်ဆန်ရုပ်သွင်က အမျိုးသမီးတစ်ယောက်အဖို့ ဆွဲဆောင်မှု ပိုနည်းစေနိုင်ပါတယ်။ အမျိုးသမီးတွေ မိန်းမ ပိုဆန်တဲ့ ရုပ်သွင်နဲ့ယောက်ျားလေးတွေကို ပိုသဘောကျကြကြောင်း  လေ့လာမှုတွေက ဖော်ပြထားပါတယ်။

မုတ်ဆိတ်မွှေးတွေက အဲဒီယောက်ျားဆန်ဆန် မျက်နှာထောင့်ချိုးတွေ ဖုံးဖိပေးထားပါတယ်။ အဲဒါက အမျိုးသမီးတွေအတွက် ပိုမိုစွဲမက်ဖွယ် ဖြစ်စေပါတယ်။ စစ်တမ်းကောက်ယူထားတဲ့ ၈,၂၅၀ တစ်ယောက်ချင်းစီက သူတို့ မျက်နှာမွှေးအချို့နဲ့ အမျိုးသားတွေကို ပိုသဘောကျကြောင်း ပြောဆိုခဲ့ကြပါတယ်။

အဲဒီအပြင် အသံလုံးကြီးကြီး အောအော အမျိုးသားတွေကို ယောက်ျားပီသပြီး နှစ်သက်စဖွယ်လို့ မြင်ကြကြောင်း နောက်လေ့လာမှုတစ်ခုက သိရှိခဲ့ပါတယ်။

Credit :Trend Myanmar