ပထမဆုံး ဒိတ်လုပ်ချိန်မှာ မမှားသင့်တဲ့ အချက် (၅) ချက်

play

၁။ ကိုယ့်အကြောင်းကိုယ် အရမ်းပြောခြင်း
ကိုယ့်အကြောင်းကိုယ်ချည်းပဲ အရမ်းပြောလွန်းတာ မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်လွန်းတဲ့သူလို့ တစ်ဖက်က မြင်သွားပါလိမ့်မယ်။ သင့်အလုပ်အကြောင်းတို့၊ မနှစ်က သင်သွားခဲ့တဲ့ ခရီးစဉ်အကြောင်းတို့ စတာတွေကို စီကာပတ်ကုံး ပြောနေတာကို တစ်ဖက်က ဘယ်လိုမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။
play

၂။ မေးသင့်တဲ့ မေးခွန်းတွေ မမေးခြင်း
သူ့အကြောင်းကို သိချင်တယ်ဆိုရင်တောင် အင်တာဗျူးတစ်ခုလို မဖြစ်သင့်ပါဘူး။ ကိုယ်အမေးခံနိုင်တဲ့ မေးခွန်းမျိုးကိုသာ မေးပါ။ ကိုယ့်ရဲ့ မေးခွန်းတွေက နှစ်ယောက်စလုံးအတွက် ပျော်ရွှင်စရာ ဖြစ်နေသင့်ပါတယ်။
play

၃။ တစ်ဖက်က ပြောတာကို နားမထောင်ခြင်း
သူပြောတာကို စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ စိတ်ဝင်စားသလို နေပါ။ တစ်ဖက်က စကားပြောနေချိန်မှာ တခြားတစ်ခုအပေါ် အာရုံမရောက်သွားပါစေနဲ့။ သူစကားပြောနေချိန်မှာ မျက်လုံးက ဟိုဟိုဒီဒီကစားနေမယ်ဆိုရင် သူပြောတာကို စိတ်မဝင်စားဘူးလို့ ထင်သွားပါလိမ့်မယ်။
play

၎။ မရိုးသားခြင်း
ကိုယ့်အပေါ် အထင်ကြီးစေချင်လို့ တမင်ပြောတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်က လိမ်နေမယ်ဆိုရင် သူ သိသွားနိုင်ပါတယ်။ သူ သဘောကျစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ နဂိုပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းရှိပါ။ အမှန်အတိုင်းပြောပြီး ရိုးသားခြင်းက ဘာနဲ့မှ မတူတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။
play

၅။ အမူအရာနဲ့ မပြောဆိုခြင်း
ကိုယ်ပြုံးလိုက်တဲ့ ပုံစံ၊ သူနဲ့ အကြည့်ချင်း ဆုံစေတာ၊ ရယ်မောတာနဲ့ ကိုယ်ရဲ့ ကိုယ်ဟန်အမူအရာတွေနဲ့ တစ်ဖက်ကို စိတ်လှုပ်ရှားစေနိုင်ပါတယ်။ ထိုင်ခုံပေါ်မှာ ပျင်းတိပျင်းရွဲထိုင်နေမယ်ဆိုရင် ဒီစကားဝိုင်းကို စိတ်မဝင်စားသလို ဖြစနေပါလိမ့်မယ်။ သင် သန်းမယ်ဆိုရင်တော့ သူနဲ့ ဒိတ်ရတာ ပျင်းနေပြီဆိုတဲ့ သဘောဖြစ်သွားရော။ အဲဒီတော့ တက်တက်ကြွကြွနဲ့ သူ့အပေါ် ဂရုတစိုက် အမူအရာ ရှိနေပေးသင့်ပါတယ်။
ှSource : Elite Daily
Phtos : huffpost, sheknows  Credit :duwun


Share on Google Plus

About Myanmar Magazine