Breaking News

ညဘက်တစ်ယောက်တည်း ဖြစ်နေတတ်သူတွေအတွက် အချက် (၆) ချက်

play

ညဘက်တွေမှာ တစ်ကိုယ်တည်းဖြစ်နေတယ်၊ အထီးကျန်တယ်လို့ ခံစားရတဲ့အခါမျိုးတွေမှာ ဖြေဖျောက်နိုင်မယ့်နည်းဖြစ်ပါတယ်။
၁ - အစီစဉ်ချထားပါ
ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ နေ့စဉ်ပုံမှန်အစီစဉ်ရှိထားပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလုပ်ရမှန်းမသိဘဲ အထီးကျန်မှုက ပိုပြင်းထန်လာပါလိမ့်မယ်။
play

၂ - ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေ
ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေနိုင်မယ့် နည်းလမ်းတွေကို အရင် စစဉ်းစားပါ။ စာဖတ်တာ၊ တီဗီကြည့်တာ၊ သီချင်းနားထောင်တာ ဒါတွေ အရင်လုပ်ကြည့်ပါ။
၃ - ကိုယ်တိုင်ချက်စားပါ
တစ်ကိုယ်တည်းဖြစ်နေတာကြောင့် ဖြစ်သလို စားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ကိုယ့်ဘာကိုယ်ချက်စားတာက သင့်ရဲ့အထီးကျန်မှုကို သက်သာစေပါတယ်။
play

၎ - အွန်လိုင်းသုံးပါ
အွန်လိုင်းသုံးပေးပါ။ ဒါပေမဲ့ အပျော်သက်သက်ပဲ ဖြစ်ပါတယ်။
၅ - အိမ်မွေးတိရစ္ဆာန်
ခွေးဖြစ်ဖြစ်၊ ကြောင်လေးတစ်ကောင်ဖြစ်ဖြစ် မွေးထားပါ။ သူတို့ကို ချစ်နေရတာနဲ့ပဲ အချိန်တွေကုန်လို့ ကုန်မှန်းတောင် သိမှာ မဟုတ်ပါဘူး။
play

၆ - ဒါတွေမလုပ်နဲ့
တစ်ကိုယ်တည်း အထီးကျန်နေတယ်ဆိုပြီး လျှောက်မလုပ်သင့်တာတွေ ရှိပါတယ်။အရက်သောက်တာ၊ ကော်ဖီတွေ တအားသောက်တာ။ ညဥ့်နက်တဲ့ထိ မုန့်တွေ ထိုင်စားတာမျိုးပါ။
Photos & Source: wikiHow Credit :Trend Myanmar