ရီးရဲလ်မက်ဒရစ်ပွဲကို ချစ်သူနဲ့အတူ အားရပါးရ အားပေးခဲ့တဲ့ ရော်နယ်ဒို

play

ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုအသင်းကို ရာမို့စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ကိုယ်တိုင်မပါဝင်ခဲ့ဘဲ ပွဲကြည့်စင် ပေါ်ကနေ ရည်းစားဖြစ်သူနဲ့ အားပေးကြည့်ရှုခဲ့ပါတယ်။
play

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရဖို့ ရေပန်းစားလျက်ရှိတဲ့ ရော်နယ်ဒိုဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားအတွက် ဂျပန်ကို မသွားခင် အဆိုပါပွဲစဉ်မှာ အနားပေးခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဒီပို့နဲ့ လာလီဂါပွဲစဉ်မှာ ပွဲချိန် မိနစ်ကိုးဆယ်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေခဲ့ပေမဲ့ နာကျင်အချိန်မှာ ရာမို့စ်သွင်းတဲ့ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
play

အသင်းရဲ့ပွဲကို ပွဲကြည့်စင်မှာ ချစ်သူဂျော်ဂျီယာနဲ့အတူ ထိုင်ကြည့်နေတဲ့ ရော်နယ်ဒိုဟာ အသင်းအခွင့်အရေး လွဲချော်သွားတိုင်း ထိုင်မရ၊ ထိုင်မရ ဖြစ်နေခဲ့တာတွေ့ရပါတယ်။ နာကျင်အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်က အနိုင်ဂိုး ရသွားတဲ့အချိန်မှာတော့ ရော်နယ်ဒိုဟာ အားရပါးရ မတ်တပ်ရပ်ပြီး အောင်ပွဲခံခဲ့တာ မြင်ခဲ့ရပါတယ်။

ရော်နယ်ဒိုနဲ့ သူ့ရဲ့ရည်းစားအသစ် ဂျော်ဂျီယာရိုဒရီဂွက်ဇ်ဟာလူမြင်ကွင်းကိုထွက်လာတာ သိပ်မကြာမြင့်သေးပါဘူး။ ဂျော်ဂျီယာဟာ ရော်နယ်ဒိုနဲ့ သတင်းထွက်ပြီးနောက်ပိုင်း သတင်းထောက်တွေ နောက်ယောင်ခံလိုက်ခြင်းခံခဲ့ရလို့ အလုပ်တောင် ပြောင်းသွားခဲ့ရပါတယ်။
Source : emilogist.com/ 
Share on Google Plus

About Myanmar Magazine Onilne