ဘရတ်တလေကူးပါးနဲ့ အီရီနာရှေးတို့ရဲ့ အချစ်ဇာတ်လမ်း စ/ဆုံး

play

အီရီနာရှေးဟာ သူမရဲ့ချစ်သူ ဘရတ်တလေကူးပါးရဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က အီရီနာရှေး Victoria's Secret ရှိုးလျှောက်စဉ်မှာ သတင်းထွက်လာခဲ့ပါတယ်။
ချစ်သူသက်တမ်း ၁၉ လကြာပြီးနောက် မိသားစုဘဝလေးကို စတင်တော့မယ့် သူတို့ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အချစ်ဇာတ်လမ်း အစ
၂၀၁၅ ခုနှစ် မေလမှာ သူတို့နှစ်ဦး နယူးယော့ခ်စီးတီးမှာ ပွေ့ဖက်နမ်းရှုံ့နေတာကို မြင်တွေ့ရချိန်မှာ သူတို့နှစ်ယောက် တွဲနေကြပြီဆိုတာကို သိရှိခဲ့ရပါတယ်။ ယင်းလထဲမှာပဲ အီရီနာရှေးက The Elephant Man ပြဇာတ်မှာ ဘရတ်ဒလေရဲ့သရုပ်ဆောင်မှုကို ကြည့်ရှုဖို့ လန်ဒန်ကို သွားရောက်ခဲ့ပါတယ်။
play

အသက် ၄၁ နှစ်အရွယ် ဘရတ်ဒလေနဲ့ အသက် ၃၀ အရွယ် အီရီနာတို့ဟာ သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ သူတို့နှစ်ယောက်ဟာ ပွေ့ဖက်၊ နမ်းရှိုက်ကာ သူတို့ရဲ့အချစ်ကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။
Capri နဲ့ Lake Garda လို အပန်းဖြေနေရာတွေရောက်ရင် သူတို့နမ်းရှိုက်နေပုံတွေကို အမြဲမြင်တွေ့ရပါတယ်။
တရားဝင်ကြေညာခြင်း
play

မတ်လမှာပြုလုပ်တဲ့ L’Oreal Paris Fashion Week ပါတီမှာ သူတို့နှစ်ယောက်ဟာ ပထမဆုံးအကြိမ် စုံတွဲအဖြစ်ပွဲတက်ခဲ့ကြပါတယ်။ နောက်လမှာတော့ အီရီနာက နှစ်ယောက်အတူ ရေကန်ထဲမှာ အပန်းဖြေနေပုံကို တင်ခဲ့ပါတယ်။
Wimbledon ရန်ပွဲ
play

ဇူလိုင်လတုန်းက Wimbledon မှာ ပြုလုပ်တဲ့ တန်းနစ်ပွဲတုန်းက ပြိုင်ပွဲကိုတောင် စိတ်မဝင်စားနိုင်ဘဲ သူတို့နှစ်ယောက် ရန်ဖြစ်နေခဲ့ကြပါတယ်။
အချစ်ရေး ပိုမိုချောမွေ့လာချိန်
play

လန်ဒန်မြို့ရှိမှာ နှစ်ယောက်အတူ လျှောက်လည်ချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်လက် တစ်ယောက်တွဲပြီး အရမ်းချစ်နေခဲ့ပုံပါပဲ။
ပြီးခဲ့တဲ့ လတုန်းက အယ်လ်အေမှာ အီရီနာက ဘရတ်ဒလေရဲ့မိခင်နဲ့အတူ ဈေးဝယ်ထွက်ခဲ့ပါသေးတယ်။
play

အီရီနာဟာ  ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုနဲ့ ၅ နှစ် ချစ်သူဖြစ်ဖူးပြီး ဘရတ်ဒလေကူးပါးကတော့ အမေရိကန်မင်းသမီး Jennifer Esposito နဲ့ တစ်နှစ် (၂၀၀၆ မှ ၂၀၀၇) အိမ်ထောင်ကျခဲ့ဖူးပါတယ်။
Source & Photos : Mirror Credit :duwun 
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.