ထမင်းကို ဘာကြောင့်ဖြည်းဖြည်းပဲ စားသင့်လဲ

play

အစာကိုမြန်မြန်စားခြင်းဟာ လူတစ်ဦးရဲ့ ကျန်းမာရေးနဲ့တိုက်ရိုက်ပက်သက်ပါတယ်။ အစာကိုမြန်မြန်စားတဲ့အခါ လိုအပ်တာထက်ပိုပြီး စားမိတတ်ကြပါတယ်။ ဗိုက်ပြည့်တဲ့ခံစားချက်ကို ဦးနှောက်က သတင်းမပို့နိုင်ခင်မှာ ကုန်သွားတာကြောင့် အပိုထပ်စားမိတတ်ကြတာဖြစ်ပါတယ်။ အစာမကြေတာကြောင့် အဟာရဓာတ်ကလည်း ကောင်းစွာမဖြစ်တော့ပါဘူး။
play

ကိုယ့်ကျန်းမာရေးအတွက် ထမင်းဖြည်းဖြည်းစားတဲ့အလေ့ကို ကျင့်ယူထားသင့်ပါတယ်။ ထမင်းစားချိန်ဟာ အနည်းဆုံး မိနစ် ၂၀ ခန့်ရှိသင့်ပါတယ်။ ဒီလောက်မရှိဘူးဆိုရင် ဖြည်းဖြည်းချင်း အချိန်တိုးတိုးပြီးစားသွားသင့်ပါတယ်။ အစာဖြည်းဖြည်းစားခြင်းဟာ ကိုယ်အလေးချိန်လျော့ချဖို့လည်း ကောင်းစွာအထောက်အကူဖြစ်ပါတယ်။
Sources: Health Digest
Photos Sources:  Your Healthy Plan  Credit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.