အိပ်ရာ မထမီ လုပ်သင့်တဲ့ အကြောဆန့်နည်း (၃)နည်း


လေကျင့်ခန်း
အိပ်ရာ မထမီ လုပ်သင့်တဲ့ အကြောဆန့်နည်း လွယ်ကူတဲ့ အကြောဆန့်နည်းတွေ ဖြစ်ပါတယ်။
၁ – ခန္ဓာကိုယ်အပြည့်
လေကျင့်ခန်း
ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းတွေကို ချိတ်ပြီး နံရံကို တွန်းထားပါ။ တစ်ချိန်တည်းမှာ အသက်ရှုသွင်းပြီး ၁ ကနေ ၅ အထိရေပါ။ ဒူးခေါင်းတွေက ကွေးညွှတ်မနေဘဲ ဆန့်ထားဖို့ အရေးကြီးပါတယ်။ ၅ အထိရေပြီးရင်တော့ အသက်ပြန်ရှုထုတ်ပြီး ဆန့်ထားတဲ့ အကြောတွေကို ပြန်ဖြေလျှော့လိုက်ရမှာ ဖြစ်ပါတယ်။ အိပ်ရာကမထမီ သုံးကြိမ် လုပ်ပေးသင့်ပါတယ်။
၂ – နံပါတ်လေး
ဘယ်ဘက်ခြေထောက်ကို ပုံပါအတိုင်း ညာဘက်ဒူးခေါင်းနားကို တင်လိုက်ပါ။ အင်္ဂလိပ်အက္ခရာ နံပါတ် 4 ပုံစံဖြစ်ပါတယ်။ ပြီးရင်တော့ ရင်ဘတ်ထဲထိ ဒူးခေါင်းကို ကွေးချရမှာ ဖြစ်ပါတယ်။ ငါးအထိရေကာ အသက်ကို ဖြည်းဖြည်းချင်းရှုပါ။ ပြီးရင်တော့ အသက်ပြန်ရှုထုတ်ကာ နဂိုအတိုင်းပြန်ထားပြီး ခြေထောက်ဘက်ပြောင်း လုပ်ပါ။
၃ – အိပ်ရာ-ကြမ်းပြင်လေကျင့်ခန်း
ပုံပါအတိုင်း အိပ်ရာပေါ်ထိုင်ပြီး ခြေထောက်က ကြမ်းပြင်ကိုထိထားပါ။ ဒူးခေါင်းက ကွေးထားဖို့ လိုပါတယ်။ ခေါင်းကို တင်းမထားရပါဘူး။ လက်တွေက ကြမ်းပြင်ကို ထိထားဖို့ လိုပါတယ်။ ၁ ကနေ ၅ ထိရေပြီး အသက်ကို ပြန်ရှုထုတ်ပါ။
Photos & Source: Prevention
Credit:Duwun


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.