Breaking News

ဖုန်းတစ်လုံးတည်းမှာ ဖေ့စ်ဘုတ်ခ်အကောင့် (၂) ခု ဘယ်လိုသုံးမလဲ



လူအများစု ဖေ့စ်ဘုတ်အကောင့် တစ်ခုသာ အသုံးပြုကြပါတယ်။ တကယ်တော့ သင့်မှာ အကောင့် ၂ ခုရှိရင်လည်း Facebook က သဘောကျမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က လူတွေကို အကောင့်တစ်ခုတည်း ပိုသုံးစေချင်တာပါ။ သူ့အိုင်ဒီယာကလည်း "one real name, one account" ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ သင့်မှာ ဖေ့စ်ဘုတ်ခ်အကောင့် ၂ခုရှိပြီး နှစ်ခုစလုံး ဖုန်းတစ်လုံးမှာ အသုံးပြုဖို့ လိုအပ်ပါက ဘယ်လိုလုပ်မလဲ။

လွယ်ပါတယ်။ ဖေ့စ်ဘုတ်ခ်ကိုယ်တိုင် အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ သီးခြားဖေ့စ်ဘုတ်ခ်အကောင့် ၂ခု log in ဝင်ရောက်နိုင်တဲ့ Facebook app ၂ ခု စီစဉ်ပေးထားပါတယ်။ Messenger app ကို ပြောနေတာ မဟုတ်ပါဘူး။

App ၂ ခုကနေတဆင့် ဖေ့စ်ဘုတ်အကောင့် ၂ ခု အသုံးပြုတာက တွဒ်တာသုံးစွဲသူတွေ app တစ်ခုကနေ တွဒ်တာအကောင့် ၂ခု သုံးခွင့်ရတာမျိုးတော့ မဟုတ်ပေမယ့် appတစ်ခု အကောင့်အများအပြား (single app-multiple accounts) မှာ ဖြစ်တတ်တဲ့ ပြသာနာတချို့ ကင်းဝေးစေပါတယ်။

ဖေ့စ်ဘုတ်ခ်အကောင့် ၂ ခု သုံးစွဲပုံကတော့…

·         Official app ကို install လုပ်။ မူလ ဖေ့စ်ဘုတ်ခ်အကောင့်ကို ဒီ app ဖြင့် သုံးစေချင်ပါတယ်။

·         Facebook Lite App ကို Playstore ကနေ install လုပ်ရပါမယ်။ ၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ သူက ဒေတာသိပ်မစားတဲ့ ဖေ့စ်ဘုတ်ခ်ဗားရှင်းတစ်ခု ဖြစ်ပါတယ်။ ဒုတိယအကောင့်ကို Facebook Lite နဲ့ သုံးပါ။

ဒီ app နှစ်ခု သုံးစွဲတာ အနည်းငယ် ကွာဟမှုရှိပါတယ်။ Lite app ကတော့ အဓိကပင်မ Facebook app လောက် မကောင်းပေမယ့် ပိုမိုပေါ့ပါးတာရယ်၊ ဒေတာစားနည်းတာရယ်၊ 2G ချိတ်ဆက်မှု ပိုမိုကောင်းမွန်တာရယ်နဲ့ အနည်းနဲ့အများ အလုပ်တော့ ဖြစ်ပါတယ်။

Credit :Trend Myanmar