သမိုင်းအကြောင်းအရာ လိမ်လယ်လှည့် ပျား​ဟောကြာ​တော်​မူခဲ့​သော သီတဂူဆရာတော်အား မွန်လူမျိုးများဝေဖန်


ရန်ကုန် ၊ ဒီဇင်ဘာ ၁၂
ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်ပြုလုပ်ခဲ့သည့် နဝမအကြိမ်လမ်းမိသားစု သီတဂူအာယုဒါနဆေးအလှူတော် ဓမ္မပူဇာတရားသဘင်တွင် မွန်လူမျိုးများနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာအချက်များ မှားယွင်းစွာ ဟောပြောခဲ့သည့်အတွက် မွန်လူမျိုးများက သီတဂူဆရာတော်ဦးဥာဏိဿရ အားဝေဖန်လိုက်သည်။

ရွှေတိဂုံဟေဟ ဓတီတော်တွင် ဌာပနာထားသော ဆံတော်များကို ပင့်ဆောင်လာခဲ့သည့် သဖုဿ နဲ့ ဘလ္လိကညီနောင်နှစ်ဦးမှာ မွန်လူမျိုးမဟုတ်ကြောင်း၊ယင်းအပြင် အင်းဝဘုရင်ရာဇာဓိရာဇ်က ဟံသာဝတီကိုတိုက်ပြီး ဘုရင်မကြီး ရှင်စောပုကို သိမ်းပြီးအင်းဝသို့ခေါ်ဆောင်ခဲ့ကြောင်းတရားဟောပြောခဲ့သည့် သီတဂူဆရာတော် ဦးဥာဏိဿရအား မွန်ယဉ်ကျေးမှုအသိုင်းအဝိုင်းကဝေဖန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ဟောပြောမှုနှင့် ပက်သက်၍ မွန်ပြည်နယ်သို့ကြွရောက်လာသော သီတဂူဆရာတော်အား ဒီဇင်ဘာ၉ ရက်နေ့ညနေပိုင်းတွင် ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် မွန်သမိုင်းသုတေသနဌာန နှင့် မွန်ရဟန်းပျိုအဖွဲ့တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း မွန်သမိုင်းသုတေသနဌာနမှ တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်ကပြောသည်။

“ဆရာတော်က တောင်ပေါက်ကျောင်းဆရာတော်ရေးတဲ့ စာအုပ်ဖတ်ကြည့်ကွတဲ့။ နောက်ပြီးတော့ သဖုဿ နဲ့ ဘလ္လိက ကမွန်ဆိုတာဘာအထောက်အထားပြနိုင်လဲလို့မေးတယ်။ အဲ့တော့ကျွန်တော်ကရှိပါတယ် ဆရာကြီးပါရဂူရဲ့ လေးဆူဓာတ်ပုံရွှေတိဂုံဆိုတဲ့စာအုပ် အဲ့ဒါကိုဆရာတော်က ဖတ်ပြခိုင်းတယ် ကျွန်တော်က ဖတ်ပြလိုက်တယ်။ ဆရာတော်က Ref: တွေရှိလားလို့မေးတယ်။ ရှိပါတယ်လို့ အဲ့ဒါဆိုရင်လည်း မွန်ဆိုလည်းမွန်ပေါ့ကွာတဲ့ ဆရာတော်ကပြောတယ်။ နှစ်ကြိမ်တောင်ပြောတယ်” မွန်သမိုင်းသုတေသနဌာနမှ တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်ကပြောသည်။

သမိုင်းအမှားများဟောပြောထားသည့် ဗီဒီယိုဖိုင်မှာ ဒီဇင်ဘာ ၁၁ရက်နေ့က စတင်ပျံ့နှံ့ခဲ့ပြီ အွန်လိုင်းသုံးစွဲသည့် မွန်လူထုအကြားတွင် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။
“ရှေးရေးသားထားတဲ့စာပေတွေ ရာဇဝင်တွေ ကျောက်စာအထောက်အထားတွေ ဒီလူမျိုးရဲ့ဖြစ်တည်မှုအယူအဆတွေကိုအခြေခံပြီးဟောပြောရမှာပေါ့နော်။ အဲ့တော့ သမိုင်းက တိတိကျကျ မလေ့လာထားရင်မဟောတာမပြောတာအကောင်းဆုံးပဲပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌနိုင်စိုးအောင်ကပြောသည်။

“ရာဇာဓိရာဇ်သည် ဟံသာဝတီဘုရင်၊ရှင်စောပုသည် ရာဇာဓိရာဇ်ရဲ့ သမီးတော်၊ ဓမ္မစေတီကို ဘုရင်မြောက်ပြီး ရှင်စောပုသည် ကျိုက် ဒဂုံနားမှာ ပြောင်းရွှေ့နေထိုင်ပြီး အေးအေးဆေးဆေး တရားအားထုတ်သည်ကို တစ်ပြည်လုံး သမိုင်းဘာသာရပ်ကို လေ့လာဖူးတဲ့ လူတိုင်းသိပေမယ့် အခု သီတဂူက ရည်ရွယ်ချက်ရှိရှိ နှင့် စောက်တလွဲလိုက်ဟောနေတာဟာ ဒီဘုန်းကြီးက တော်တော်ကို တရားလွန်သွားပြီး။”ဟု အွန်လိုင်းသုံးစွဲသူတစ်ဦးကဖေ့ဘုတ်တွင် မှတ်ချက်ပြုရေးသားထားသည်။

Written by ဆုမင်းကို
Hinthar Media Corporation
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.