Breaking News

အဝတ်အစားပေါ် ပင်အပ်ချိတ်တွဲရတဲ့ အဓိပ္ပါယ်




ပင်အပ်လို့ပြောလိုက်ရင် ပစ္စည်းတစ်ခုနဲ့တစ်ခု ချိတ်တွဲပေးတဲ့အရာလို့ပဲ ရိုးရိုးတွေးမိပါလိမ့်မယ်။ အဲဒီလိုတွေးမိမှာက ရည်ရွယ်ချက်တစ်မျိုးအဖြစ် မပြောင်းလဲသေးခင် မကြာသေးမီအချိန်ထိ ပါပဲ။ လူတွေ သူတို့အဝတ်အစားပေါ် ပင်အပ်ချိတ်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုအသစ်အဆန်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး သေချာသိထားရမယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီပင်အပ်ကို Walter Hunt မှ ၁၈၄၉ မှာ အကြွေး ၁၅ ဒေါ်လာပြန်ဆပ်ဖို့ ကနဦးတီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့မူပိုင်ခွင့်ကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒီပင်အပ်တွေ တစ်ကမ္ဘာလုံး လှုပ်ခတ်စေလိမ့်မယ်လို့ သူထင်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။

အမေရိကလို နိုင်ငံတွေမှာ လူမျိုးရေးဝါဒကိန်းအောင်ပြီး ဥရောပတစ်ခွင်မှာ ရာဇဝတ်မှုတွေ မုန်းတီးကြပါတယ်။ ယူကေနိုင်ငံမှာ ချက်ချင်းဆိုသလို ကြိုဆိုလက်ခံခြင်းမခံရတဲ့ အီးယူရွေ့ပြောင်းနေထိုင်သူတွေကို ထောက်ခံမှုပြတဲ့အနေနဲ့ လူအများအပြား ပင်အပ်ချိတ်တွဲတပ်ဆင်လာကြပါတယ်။ တွဒ်တာသုံးစွဲသူတွေ သူတို့အဝတ်အစားတွေပေါ် ပင်အပ်ချိတ်တွဲထားတဲ့ ဓာတ်ပုံတွေတင်ခဲ့ကြပြီး တခါတလေ ဓာတ်ပုံနဲ့ မက်ဆေ့ခ်ျလေးတစ်ခုပါ တွဲဖက်ဖော်ပြကြပါတယ်။

နောက်အမျိုးသမီးတစ်ဦးက သူမဓာတ်ပုံကို "လူမျိုးရေးဝါဒကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ကြစို့" လို့ စာတန်းရေးထိုးထားပါတယ်။

အခုအခါ ဥရောပတစ်လျှောက် လူမြောက်များစွာဟာ ပင်အပ်နဲ့ဓာတ်ပုံတွေ တင်ထားလျက်ရှိပါတယ်။ နောက်တစ်ဦးကလည်း သူတင်ထားတဲ့ဓာတ်ပုံမှာ "ဘတ်စ်ကားပေါ်၊ လမ်းမပေါ်၊ ရောက်တဲ့အရပ်မှာ ပင်အပ်အသင့်ချိတ်ထားကြပါ" လို့ လှုံ့ဆော်ရေးသားထားပါတယ်။

Credit :Trend Myanmar