ရန်ကုန်မြို့က လျှပ်စစ်ဓာတ်မီးတိုင်တွေမှာ CCTV အလုံး သုံးထောင်တပ်မယ်

play

ရန်ကုန်မြို့တော် လုံခြုံရေးအတွက် လမ်းမတွေပေါ်က လျှပ်စစ်ဓာတ်မီးတိုင် အခု သုံးထောင်မှာ CCTV လုံခြုံရေးကင်မရာတွေကို လာမယ့် ၂၀၁၇ ခုနှစ်အတွင်းတပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောလိုက်ပါတယ်။
“အရေးကြီးတဲ့နေရာတွေမှာ လုံခြုံရေးအတွက်စိတ်ချရအောင် CCTV ကင်မရာတွေ တပ်ဆင်မယ်။ အဲဒီလုပ်ငန်း အတွက်စီစဉ်နေပြီ။ လုပ်ငန်းကိုမကြာခင်စမှာ ဖြစ်တယ်” လို့ နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
ဓာတ်တိုင်တွေမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ဆင်တာတွေအပြင် ဆိုလာပြားတွေပါ တပ်ဆင်သွားမှာဖြစ်ပြီး ဒီတပ်ဆင်ရေးလုပ်ငန်းတွေအတွက် နိုင်ငံတော်ဘတ်ဂျက်ထဲကနေ သုံးစွဲမှာမဟုတ်ဘဲ ဦးစားပေးအနေနဲ့ တန်ခိုးကြီးဘုရားတွေ တည်ရှိရာနဲ့ ခရီးသွား ဧည့်သည်တွေ သွားလာမှုများတဲ့နေရာတွေမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်မှာဖြစ်ပြီး နောက်ပိုင်းမှာ ရန်ကုန်တိုင်းထဲက ဓာတ်တိုင်တွေ အားလုံးမှာ တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
“လုံခြုံရေး ကင်မရာ တပ်ဆင်မှာ ဖြစ်တဲ့အတွက်ပြောချင်တာက လက်လှမ်း မမီတဲ့နေရာမှာ တပ်ဆင်စေချင်တယ်။ ဖျက်ဆီးမယ့် သူတွေကိုစိုးရိမ်တယ်။ ကင်မရာကိုကင်မရာနဲ့ပြန်ထိန်းချုပ်တာမျိုးဆိုရင်အကောင်းဆုံးပဲ။ တစ်လုံးကိုဖျက်ရင်နောက်တစ်လုံးက မှတ်တမ်းယူထားလို့ရတယ်”လို့ အမှတ်၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ဒု­ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။
Source : The Voice
Share on Google Plus

About Myanmar Magazine