Breaking News

ချစ်သူ၊ အပေါင်းအသင်းတွေနဲ့ အေးဆေး chill ချင်သူတွေအတွက် Rangoon Tea House အပေါ်ထပ်မှာ အသစ်ဖွင့်လိုက်တဲ့ The Toddy Bar



ဒီနေ့က သောကြာနေ့ဖြစ်တာကြောင့် အားလပ်ရက်မှာဖြစ်ဖြစ် ဒါမှမဟုတ် သောကြာနေ့ညမှာ သူငယ်ချင်းတွေနဲ့အတူ၊ ချစ်သူနဲ့အတူ အမိုက်စား ဘားလေးတစ်ခု သွားချင်တယ်ဆိုရင်တော့ မြန်မာ့ရိုးရာ အစားအသောက်တွေ တစ်နေရာတည်းမှာ ရနိုင်တဲ့ Rangoon Tea House ဆိုင်အပေါ်ထပ်က အသစ်ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ The Toddy Barကို သွားကြည့်စေချင်ပါတယ်။ နေရာကတော့ ပန်းဆိုးတန်းလမ်းမ အလယ်ဘလောက်က Ragoon Tea House အပေါ်ထပ်မှာပါ။ 
 
“The Toddy Bar” ဟာ  ထူးခြားတဲ့ မြန်မာ Cocktail Bar တစ်ခုဖြစ်ပြီး RTH Kitchenကနေ အရံစားဖွယ်စုံတွေ မှာယူစားသောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် စားသုံးသူတွေကို သွားဖို့ညွှန်းချင်တဲ့အချက်တစ်ချက်ကတော့ ဒီဘားက  Cocktail menu ကို London မြို့ကRoka and Electric House ၊ New York မြို့က Angel’s Share နဲ့ Tokyo မြို့က Kawabun Nagoya စတာတွေ ဖန်တီးခဲ့တဲ့ Hideyuki Saitoကနေ ဖန်တီးပေးထားတာကြောင့်ပါပဲ။ 
 
"The Toddy Bar" ကို ဒီဇင်ဘာ ၁၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး Rangoon Tea House ပူးတွဲတည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးထက်မြတ်ဦးက “Rangoon Tea House ကို ဖွင့်ထားတာ အချိန်ကာလအားဖြင့် သိပ်အကြာကြီးမဟုတ်ပေမယ့် အထူးသဖြင့် မြန်မာဟင်းလျာတွေကို ရန်ကုန်မြို့မှာ တည့်ခင်းရောင်းချတဲ့အတွက် ကျွန်တော်တို့ရဲ့ စားသုံးသူတွေကို အကောင်းဆုံး အတွေ့အကြုံ တွေကိုပေးရဖို့က အရေးအကြီးဆုံးလို့ နားလည်သဘောပေါက်ထားပါတယ်။ ပြည်တွင်းက ဗိသုကာ ဒီဇိုင်းပညာရှင် M Interiors တို့နဲ့ပူးပေါင်းပြီး စားသောက်ဆိုင်ရဲ့ အောက်ထပ်ကို ကျယ်ဝန်းပြီး ဆူညံတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် အတွေ့အကြုံနဲ့လုပ်ထားပြီး အပေါ်ထပ်ကိုတော့ တိတ်ဆိတ်ငြိမ်သက်ပြီး ရိုမန်းတစ်ဆန်တဲ့ မြန်မာယမကာဆိုင် အတွေ့အကြုံတို့ကို ဖန်တီးဖော်ပြနိုင်တာဖြစ်ပါတယ်။ ဒါတွေအားလုံး ရလဒ်ကတော့ ကျွန်တော်တို့ရဲ့ စားသုံးသူတွေကို စစ်မှန်ပြီး ခေတ်သစ်ပုံစံ အကောင်းဆုံး နေရာထိုင်ခင်းနှစ်ခုကို ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ The Toddy Bar ကတော့ နိုင်ငံတကာမှာ ကျော်ကြားပြီး ဆုရရှိထားတဲ့ mixologist Hideyuki Saito က ဖန်တီးထားတဲ့ မြန်မာအငွေ့အသက် ပေါင်းစပ်ထားတဲ့ cocktails အရသာကို နိုင်ငံတကာ အဆင့်မီအထိ ၀င်ဆံ့အောင်ရည်ရွယ်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 
 
ကဲ TGIF မှာ အေးဆေး Chill မယ့်သူတွေသိထားသင့်တဲ့ နေရာလေးတစ်ခုပါပဲနော်။ The Toddy Bar က Cocktail အရသာသစ်တွေ ခံစားရင်း သာယာတဲ့ညလေးကို ဖန်တီးချင်သူတွေအတွက် The Toddy Bar တည်ရှိရာ နေရာလေးကို တစ်ခေါက်ထပ်ပြောပေးချင်ပါတယ်။ The Toddy Bar ဟာ  Rangoon Tea House အပေါ်ထပ်မှာ ဖြစ်ပြီး အမှတ် ၇၇-၇၉ အထက်ပန်းဆိုးတန်းလမ်းမှာ တည်ရှိပါတယ်။