အမြန်အိုစေတဲ့ အကြောင်း (၅) ချက်

play

သဘာဝတရားအရ လူတွေဟာ အမြဲတမ်း ငယ်ရွယ်နုပျိုနေနိုင်မှာ မဟုတ်ဘဲ အချိန်ပြောင်းလဲမှုနဲ့အတူ အိုမင်းကြရမှာပါ။ ဒါပေမဲ့ မှားယွင်းတဲ့ လူနေမှုဘဝ ပုံစံတွေကြောင့် ပုံမှန်ထက် မြန်မြန် အိုမင်း ရင့်ရော်တတ်တာကို သတိပြုသင့်ပါတယ်။ ပုံမှန်ထက် မြန်မြန် အိုမင်းရင့်ရော်စေတဲ့ အချက် (၅) ချက်ကို ဖော်ပြလိုက်ပါတယ်။
အိပ်ချိန် မလုံလောက်ခြင်း
တက္ကသိုလ်ကျောင်းတက်နေတဲ့ အရွယ်မှာတော့ သူငယ်ချင်းတွေနဲ့ ညဘက် သွားလာရင်း ညဥ့်နက်သန်းခေါင်နေပြီး အိပ်ချိန် မလုံလောက်တာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်အရွယ် နည်းနည်း ရလာပြီဆိုရင် ကိုယ်ခန္ဓာက လုံလောက်တဲ့ အိပ်ချိန် လိုအပ်လာပါတယ်။
play

အိပ်ချိန် မလုံလောက်ခြင်းက ကျန်းမာရေးအတွက် ထင်ထားတာထက် ပိုပြီး ဆိုးကျိုးဖြစ်စေပါတယ်။ လေ့လာဆန်းစစ်မှုတွေ အရ အိပ်ချိန်မလုံလောက်တဲ့အခါ သွေးတိုး၊ ဆီးချို ရောဂါတွေ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ အလေးချိန် တိုးလာပြီး အိုမင်းရင့် ရော်စေပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်ချိန် အနည်းဆုံး ၇ နာရီ လိုအပ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်ခြင်း
အားလုံးသိထားကြတာက ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါ ဖြစ်ပွားစေတယ် ဆိုတာပါ။ ဒါတင်မကပါဘူး၊ ဆေးလိပ်သောက် ခြင်းက အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ စီးကရက်နဲ့ ဆေးရွက်ကြီးက မျက်လုံး၊ ပါးစပ်နဲ့ လည်တိုင် နေရာတွေမှာ အိုးမင်းရင့်ရော်မှု အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။
play

ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားထံကို အောက်ဆီဂျင် ရောက်ရှိမှု လျော့နည်းစေပြီး သွေးလည်ပတ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဆေးလိပ်ရဲ့ အဆိပ်အတောက် ဓာတ်တွေက အရေပြား ဆဲလ်တွေကို ပျက်စီးစေပြီး အိုမင်းရင့်ရော်တဲ့ ရုပ်ရည်သွင်ပြင်ကို ဖြစ်ပေါ်စေပါတယ်။
အရက် အလွန်အကျွံ သောက်ခြင်း
ကျန်းမာတဲ့ အသည်းက စိုပြေလှပတဲ့ အသားအရေ ဖြစ်စေဖို့ အရေးပါလှပါတယ်။ အသည်းက အရေပြားကို ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား စွန့်ထုတ်ပေးတာကြောင့်ပါ။
play

အရက် အလွန်အကျွံ သောက်ခြင်းကြောင့် အသည်း ပျက်စီးနေမယ်ဆိုရင် အဆိပ်အတောက်တွေက အသည်းမှာ စုပုံနေပါလိမ့်မယ်။ ဒီ အကျိုးဆက်က အသားအရည်နဲ့ဆိုင်တဲ့ ပါးရေနားရေ တွန့်ခြင်း၊ ဝက်ခြံပေါက်ခြင်း အပါအဝင် အိုမင်းရင့်ရော်တဲ့ အသွင်အပြင်ကို ဖြစ်စေပါတယ်။
အချို အစားများခြင်း
play

အချို များများစားခြင်းက ကိုယ်ခန္ဓာ ဝဖြိုးစေတဲ့အပြင် အရေပြား ပြဿနာတွေဖြစ်တဲ့ ဝက်ခြံနဲ့ အရေပြားတွန့် ခြင်းတွေ ဖြစ်စေပါတယ်။
စိတ်ဖိစီးမှု
လေ့လာဆန်းစစ်မှုတွေအရ စိတ်ဖိစီးမှု ခံစားရခြင်းက ကိုယ်ခန္ဓာ ဆဲလ်အတွင်းမှ မျိုးရိုးဗီဇတွေကို သက်ရောက်မှု ရှိပါတယ်။ စိတ်ဖိစီးမှုက ကိုယ်ခန္ဓာ ဆဲလ်တွေကို သက်တမ်းတိုစေပြီး သေဆုံးစေပါတယ်။
play

ဒီ အကျိုးဆက်က ကိုယ်ခန္ဓာ အရေပြားကို သက်ရောက်မှုရှိပြီး ပါးရေနားရေ တွန့်ခြင်းနဲ့အတူ အိုမင်းရင့်ရော်တဲ့ အသွင်အပြင် ဖြစ်စေပါတယ်။

Source: Health, Everyday Health
Photo: BBC, ReutersCredit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.