ကိုယ့် crush ကို မက်ဆေ့ပို့ပြီး ချဉ်းကပ်နည်း



play

အဆင့် - ၁
ပျော်နေတယ်၊ စဉ်းစားနေတယ်၊ ဘာဖြစ်နေမှန်းမသိဘူး စတဲ့ emoticon လေးတွေပို့ပါ။ ကိုယ်ဘာတွေ ခံစားနေရတယ်ဆိုတာ ဒီအတိုင်း မပြောပါနဲ့။ emoticon လေးတွေကို သူလိုအပ်သလို အနက်ကောက်ပါလိမ့်မယ်။
အဆင့် - ၂
သူ့ကို လူတွေ ချစ်စနိုးခေါ်ကြတဲ့ နာမည်၊ ဒါမှမဟုတ် အပြင်မှာ ကိုယ်သီးသန့်ပေးထားတဲ့ နာမည်ရှိရင် ဒီနာမည်ကို စခေါ်ပါ။
အဆင့် - ၃
ဒီနှစ်ခု ပို့ပြီးရင် ရပ်ထားပါ။ သူ့ဘက်က မက်ဆေ့ပြန်တာကို စောင့်ပါ။ စာပြန်ပို့ဖို့ သူ့ကို အချိန်ပေးလိုက်ပါ။ တစ်ခုခုကြောင့် စာပြန်မပို့နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ငါ့ကို ဂရုမစိုက်ဘူးဆိုပြီး အလွယ်တကူ ကောက်ချက် မချပါနဲ့။
play

အဆင့် - ၎
နောက်အဆင့်မှာတော့ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ ပေါ့ပေါ့ပါးပါး မေးလိုက်ပါ။
အဆင့် - ၅
အပြင်မှာ လူကိုယ်တိုင်တွေ့ရင် သင်တကယ်ပြောချင်တာမျိုးကို ပြောပါ။ နေ့စဉ် သူနဲ့တွေ့တိုင်း သင်ပြောချင်နေတဲ့ သွယ်သွယ်ဝိုက်ဝိုက် စကားလေးတွေပါ။
အဆင့် - ၆
မနက်စောစောမျိုး၊ ညဘက် အိပ်ရာဝင်ခါနီး အချိန်လောက်မျိုးမှာ မက်ဆေ့ပို့ပါ။ သူမမျှော်လင့်ထားတဲ့ အချိန်မျိုးလောက်မှာ ပို့ပါ။ ဒါဟာ သူ့အတွေးတွေရဲ့ အလယ်တည့်တည့်ကို သင်ရောက်သွားစေပါတယ်။
အဆင့် - ၇
အွန်လိုင်းမှာ မက်ဆေ့အပြန်အလှန်ပို့ပြီး ပြောကြရင် စကားပြောရပ်ပြီး အွန်လိုင်းက ထွက်တော့မယ်လို့ ပြောသူက တစ်ခါတရံမှာ သင်အရင်ဖြစ်ပါစေ။
Photo & Source: match.com
Share on Google Plus

About Myanmar Magazine Onilne