ရှရွတ်ခန်နဲ့ အာလီယာဘက်သ်တို့ရဲ့ ဇာတ်ကားသစ် Dear Zindagi ရဲ့ ထူးခြားချက် ၃ ခု

play

ရှရွတ်ခန်နဲ့ အာလီယာဘက်သ်တို့ ပါဝင်ထားတဲ့ Dear Zindagi ဇာတ်ကားဟာ ရုံတင်ပြီး တစ်ပတ်အတွင်း ဒေါ်လာ ၆ သန်း ဝင်ငွေရှိနေပါပြီ။ အိန္ဒိယအချစ်ဇာတ်ကားကောင်းဖြစ်တဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် ၃ ချက်ရှိပါတယ်။
၁။ ငါးနှစ်အတွင်း ရှရွတ်ခန်ရဲ့ အကုန်အကျအနည်းဆုံးရုပ်ရှင်
ရှရွတ်ခန်ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ သူ့ဇာတ်ကားဟာ အရမ်းကို ကြီးကျယ်ပြီး ငွေကြေးအများကြီးသုံးစွဲထားမယ်လို့ မျှော်လင့်ထားကြမှာပါ။ သရုပ်ဆောင်နဲ့ ထုတ်လုပ်သူဖြစ်တဲ့ သူကိုယ်တိုင်ကလည်း ဇာတ်ကားဖန်တီးရာမှာ ငွေကြေးကို နှမြောတွန့်တိုနေခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း Dilwale ဇာတ်ကားတုန်းက ဒေါ်လာ ၁၅ သန်း၊ Happy New Year ဇာတ်ကားကို ဒေါ်လာ ၂၂ သန်း၊ Chennai Express ဇာတ်ကားကို ဒေါ်လာ ၁၇ သန်း ကုန်ကျခံ ရိုက်ကူးခဲ့ပေမဲ့ ဒီဇာတ်ကားအတွက်ကတော့ ဒေါ်လာ ၅ သန်းကျော်သာ ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယပြည်တွင်း ဝင်ငွေကတင် ဒေါ်လာ ၆ သန်းရှိနေပါပြီ။
play

၂။ ရုံတင်ပြီး ပထမပတ်အတွင်း ဒုတိယဝင်ငွေအများဆုံး အမျိုးသမီးအသားပေး ရုပ်ရှင်ကား
ရှရွတ်ခန်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် သူသာ အဓိကဇာတ်ဆောင်လို့ လူတွေက ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူက ဇာတ်ပို့အဖြစ်သာ ပါဝင်ထားတာပါ။ အလီယာဘက်သ်ကို အဓိကဇာတ်ဆောင်အဖြစ် သူက နေရာပေးထားပြီ တစ်ပတ်အတွင်းမှာတင် ဝင်ငွေက ကုန်ကျစရိတ်ထက် ကျော်လွန်သွားတဲ့အပြင် ဒေါ်လာ ၁၀ သန်း ဝင်ငွေရှိခဲ့တဲ့ Tanu Weds Manu Returns ဇာတ်ကားပြီးရင် ရုံတင်ပြီး ပထမပတ်အတွင်း ဒုတိယဝင်ငွေအများဆုံး အိန္ဒိယရုပ်ရှင်ဖြစ်ပါတယ်။
play

၃။ ဒါရိုက်တာ Gauri Shinde ရဲ့ နာမည်အကြီးဆုံးရုပ်ရှင်
ဒါရိုက်တာ Gauri Shinde ဟာ မြို့ပြပရိသတ်ရဲ့အကြိုက်ကို ကောင်းကောင်း သိသူပါ။ သူမရဲ့ English Vinglish ဇာတ်ကားဟာ အင်္ဂလိပ်စကားကို ပြောနိုင်ဖို့ ကြိုးပမ်းနေရတဲ့ အမျိုးသမီးများရဲ့အကြောင်းကို မီးမောင်းထိုးပြထားခဲ့ပါတယ်။ ယင်းဇာတ်ကားဟာ စုစုပေါင်း ဒေါ်လာ ၅ သန်း ဝင်ငွေရခဲ့ပေမဲ့ သူမရဲ့ဒုတိယမြောက်ရုပ်ရှင်ကား Dear Zindagi ကတော့ ပထမကားကို အများကြီးကျော်တက်သွားခဲ့ပါတယ်။
Dear Zindagi ကို ရုံတင်ထားဦးမှာဖြစ်တဲ့အတွက် နောက်ထပ်စံချိန်တွေ ထပ်တင်နိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။
Source & Photos : bollywood   Credit :Trend Myanmar  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.