Breaking News

Facebook အနေနဲ့ သူ့ဆိုဒ်ပေါ်က လုပ်ကြံသတင်းတွေ နိမ်နင်းဖို့ စီစဉ်နေ



ဆိုဒ်ပေါ်က သတင်းအတုအယောင်တွေ ပျံ့နှံ့နေတာကို ရပ်တန့်စေဖို့ Facebook စီစဉ်လျက်ရှိပါတယ်။ ဒီလူမှုမီဒီယာပလက်ဖောင်းဟာ spammer တွေ သူတို့ကိုယ်ကျိုးအတွက် ဖြန့်ထားတဲ့ လုပ်ကြံသတင်း အဆိုးတကာ့အဆိုးဆုံးတွေကို အဓိကထားချေမုန်းမယ့် အဆင့် (၄) ဆင့် အစီအစဉ်တစ်ခု စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ပလော့ပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။

သတင်းအတုအယောင်တွေ ဘယ်လို report ထုနိုင်မလဲဆိုတဲ့ နည်းလမ်းကို Facebookက  စမ်းသပ်လျက်ရှိပါတယ်။ ပို့စ်ရဲ့ ညာဘက်အပေါ်ထောင့်မှာ ကလစ်နှိပ်ပြီး မယုံသင်္ကာဖစ်တဲ့ စတိုရီကို report ထု နိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း သတင်းအတုအယောင် လက္ခဏာရပ်တွေ စစ်ဆေးဖို့ သူ့ဆော့ဖ်ဝဲလ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲလ် သို့မဟုတ် သုံးစွဲသူတွေ သတင်းမဟုတ်မမှန်ကြောင်း Facebook ဆုံးဖြတ်တာနဲ့ ပြင်ပအချက်အလက်စစ်ဆေးသူအုပ်စုကနေ အခိုင်အမာဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သတင်းအတုပါလို့ သူတို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒီစတိုရီကို third-party fact-checker တွေကနေ အငြင်းပွားစရာအဖြစ် အလံလွှင့်ထူသွားမှာ ဖြစ်ပါတယ်။ အဲဒီနိုတီက ဖေ့စ်ဘုတ်ခ်ရဲ့ news feed အတွင်း စတိုရီကို ပူးတွဲပေးပါလိမ့်မယ်။

User တွေအနေနဲ့ အလံပြထားတဲ့ သတင်းစတိုရီတွေ မျှဝေနိုင်သေးပေမယ့် သူတို့ news feed ပေါ် မတင်ခင် အငြင်းပွားဖွယ်သတင်းတွေဆိုတဲ့ အသိပေးချက်တစ်ခု မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Credit :Trend Myanmar