Breaking News

Gel Nail လုပ်တဲ့အခါ အသုံးပြုတဲ့ UV Light Lampက ရောင်ခြည်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်



သင်တို့ ကမ်းခြေကိုသွားတဲ့အခါ ပထမဆုံးလုပ်တဲ့အရာကဘာများဖြစ်မလဲ။ အကောင်းဆုံးနေလောင်ကာ ခရင်မ်ကို လိမ်းတာပဲမဟုတ်လား။ ဟုတ်ပါတယ်။ ကျွန်မတို့အရေပြားကို နေရောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်က ကာကွယ်ဖို့ Suncreamလိမ်းလေ့ရှိကြပါတယ်။ ဒါပေမယ့် နေရောင်တစ်ခုတည်းကပဲ အသားအရေကိုပျက်စီးပြီး ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ နောက်ထပ် သတိပြုရမှာတစ်ခုကတော့ Nail Salonတွေသွားရင် Suncreamကို ယူသွားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ Gelလက်သည်းနီတွေဆိုတဲ့အခါ အမြန်ခြောက်အောင်ထားတဲ့ စက်က UV ရောင်ခြည်တွေက ကျန်းမာရေးကိုထိခိုက်စေပြီး အန္တရာယ်ရှိစေလို့ပါပဲ။

Gelလက်သည်းနီဆိုးတဲ့အခါ တစ်ထပ်ချင်းစီဆိုးပြီး အပေါ်က UV Lightပါတဲ့ စက်လေးထဲမှာ လက်ကို ခဏထားရပါတယ်။ New York University School of Medicineက Dr Chris Adigunရဲ့ အဆိုအရလက်သည်းစက်ရဲ့ UV Lightတွေက နေရောင်အောက်မှာ ထိုင်တာထက် ပိုပြီး အသားအရေကို ပျက်စီးစေတယ်လို့ဆိုပါတယ်။ နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ အဆိုပါ အလင်းရောင်တွေက ပုံမှန်မဟုတ်တဲ့အပြင် တစ်ကြိမ်သုံးတဲ့အခါတိုင်း ဘယ်လောက်ပြင်းအားရှိလဲဆိုတာ အလွယ်တကူမသိရှိနိုင်ပါဘူး။ အဆိုပါရောင်ခြည်တွေက UVBရောင်ခြည်တွေလို အရေပြားကို မလောင်နိုင်ပေမယ့် အသားအရေထဲကို ထိုးဖောက်နိုင်ပြီး DNA နဲ့ Collagenတွေကို ပျက်စီးစေပါတယ်။အကျိုးဆက်အနေနဲ့ကတော့ အရွယ်မတိုင်ခင် ရင့်ရော်ခြင်းနဲ့ အရေပြားကင်ဆာတွေကိုပါ ဖြစ်စေပါတယ်။

JAMA Dematologyမှာဖော်ပြခဲ့တဲ့ သုတေသနအရ UV Gel Nail Lampတွေကို သုံးတဲ့အမျိုးသမီးနှစ်ယောက်ရဲ့လက်မှာ အသားပိုတွေ ထွက်လာရာကနေစပြီး ဒီလေ့လာချက်ကိုသိခဲ့ရတာပါ။ အဆိုပါအမျိုးသမီးနှစ်ယောက်လုံးဟာ မျိုးရိုးအစဉ်အဆက် အရေပြားကင်ဆာလည်းမရှိတဲ့အပြင် အလုပ်လုပ်ရာမှာလည်း နေပူထဲထွက်လုပ်ရတဲ့အလုပ်မျိုး မဟုတ်ပါဘူး။ အဲဒီကနေစပြီးတော့ Dr Adigunအတွက် UV Lampတွေ သုံးရာမှာ ဘယ်လို ဆိုးကျိုးတွေရှိလဲဆိုတာ လေ့လာဖို့ ဖြစ်ခဲ့ပါတယ်တဲ့။

နောက်ထပ် သူမတွေ့ခဲ့တဲ့ ဆိုးကျိုးတစ်ခုကတော့ နေလောင်အစက်လိုမျိုးတွေနဲ့ အမည်းစက်တွေ ဖြစ်လာတာပါပဲ။ ဒါ့အပြင် လက်သည်းအားနည်းပြီး ကျိုးပဲ့လွယ်တဲ့သူတွေက Acetoneဓာတ်ငွေ့ကို သုံးတဲ့ Removal Processတွေ လုပ်မယ်ဆိုရင် လက်သည်းအောက်ခြေတွေကို ပြင်းပြင်းထန်ထန် ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

ယနေ့ခေတ်မှာ သုံးနေတဲ့ လက်သည်းနဲ့ ပတ်သက်တဲ့နည်းပညာရှင်တော်တော်များများက နေရောင်အောက်မှာ ထိုင်တာထက် အန္တရာယ်များတဲ့ LED Lightsတွေကို သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးက တတ်နိုင်သမျှရှောင်ရှားပြီး နေသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဆန္ဒရှိတယ်ဆိုရင်တော့ Certifiedဖြစ်တဲ့ Dermatologistတစ်ယောက်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်နော်။

Credit :Trend Myanmar