Breaking News

Gigi Hadid နဲ့ ပထမဆုံး ဒိတ်လုပ်ဖို့ တောင်းဆိုခဲ့ပုံကို Zayn Malik ဖွင့်ဟ



ခံစားချက်အပြည့်ပါတဲ့ သီချင်းမျိုးတွေကို အားလုံးနားစွဲသွားအောင် သီဆိုနိုင်တဲ့ Zayn Malik လို ကောင်လေးတစ်ယောက်က အလွန်ချောမောလှပပြီး အနုပညာပါရမီ အထုံပါတဲ့ Gigi Hadid နဲ့ တွေ့ဆုံမှု ဇာတ်လမ်းဟာတော်တော်လေး စိတ်ကူးယဉ်ဆန်မှာပဲလို့ သင်တွေးကြည့်ဖူးပါလိမ့်မယ်။

ယခုရက်သတ္တပတ်အတွင်း သူ့ရဲ့ 50 Shades Darder single သီချင်းသစ် "I Don't Wanna Live Forever" ပရိုမိုးရှင်းလုပ်တဲ့ Sirius XM's Morning Mash Up show က အင်တာဗျူးမေးမြန်းခန်းတစ်ခုမှာ One Direction အဖွဲ့ဝင်ဟောင်း Zayn ဟာ စူပါမော်ဒယ်လ် ဖြစ်သူ သူ့ချစ်သူနဲ့ ဇာတ်လမ်း ဘယ်လိုစခဲ့ကြတာလဲ အနည်းငယ် ဖွင့်ဟရာမှာ တွေဝေမှုတွေရှိနေခဲ့ပါတယ်။

"Gigi ရဲ့ နှလုံးသားကို ဘယ်လိုအရယူခဲ့တာလဲ" လို့ DJ တစ်ဦးမေးမြန်းတဲ့အခါ "ကျွန်တော်မသိဘူး။ သူမကို မေးရမယ်လို့ ထင်တယ်" လို့ Zayn က ပြောဆိုခဲ့ပါတယ်။

အမိုက်စား Victoria's Secret Fashion Show အပြီး ပါတီပွဲမှာ လူတွေပြည့်ကျပ်နေတဲ့အခန်းထဲ Gigi ကို Zayn ဘယ်လိုများရှာ တွေ့ခဲ့သလဲ။ အားလုံးထင်ထားတာကတော့ သူဟာ Gigi ကိုနှင်းဆီပန်းစည်းပေးပြီး ချစ်ခွင့်ပန်တာမျိုးပေါ့။" ဒါပေမယ့် သင်တို့ထင်တာ မှားပါတယ်။ သူက Gigi ကို " ဒိတ်လုပ်ချင်လား၊ မလုပ်ချင်လားဆိုတာပဲ မေးလိုက်တယ်။ ကျနော် နယူးယော့ခ်မှာ နေတာ။"လို့ ပြောသွားပါတယ်။

ကြည့်ရတာတော့ Gigi က အရင်ဇာတ်လမ်းစခဲ့တာ ပိုဖြစ်နိုင်ပါတယ်။ လူကြီးလူကောင်းတွေ ဘယ်တော့မှ စကားအကုန်မပြောဘူး လို့ Zayn က ထပ်ပြောပါတယ်။ ဒါပေမယ့် တကယ်တော့ သိပ်များများပြောစရာ ရှိပုံလည်းမရပါဘူး။ သူ သူမကို တွဲဖို့ခွင့်တောင်းတယ်။ သူမ "yes" ပြောတယ်။ ကျန်တာက မှတ်တမ်းတွေပေါ့။

Credit :Trend Myanmar