Breaking News

၂၀၁၆ ခုနှစ်အတွင်း Google ကနေ ရှာဖွေမှုအများဆုံး မင်းသမီးဖြစ်လာတဲ့ မီဂန်မာကယ်

play

ဂျနီဖာလောရန့်စ်နဲ့ အန်ဂျန်လီနာဂျိုလီတို့ကို ကျော်တက်သွားပြီး Goolge ကနေ ရှာဖွေမှုအများဆုံးမင်းသမီးဟာ မီဂန်မာကယ်ဖြစ်လာခဲ့ပါတယ်။ အမေရိကန်မင်းသမီး မီဂန်ဟာ ဒီနှစ်ထဲမှာ မင်းသား ဟယ်ရီနဲ့ ချစ်သူတွေဖြစ်လာခဲ့တာပါ။
အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Suits နဲ့ နာမည်ကြီးတဲ့ မင်းသမီးကို အဲဒီကားကို သိကြတဲ့သူတွေဟာ ကမ္ဘာနဲ့ချီရင် အများပြားလှပေမဲ့ တော်ဝင်မင်းသား ဟယ်ရီရဲ့ချစ်သူလို့ သိလိုက်ရချိန်မှာ သူမဘယ်သူလဲဆိုတာ သိလိုသူတွေများပြားလာပြီး ကွန်ပျူတာမှာ ရိုက်ရှာလာကြတာ ဖြစ်ပါတယ်။
play

သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်အတွင်း ပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့တယ်လို့ ယူဆရပြီး သူတို့ရဲ့အချစ်ဇာတ်လမ်း လူသိရှင်ကြားဖြစ်လာတာကတော့ တစ်လခန့်သာ ရှိပါသေးတယ်။
Google မှာ ဒုတိယရှာဖွေမှုအများဆုံးကတော့ ပြင်သစ်မင်းသမီး မာရီယွန်ကော့တေးလက်ဖြစ်ပါတယ်။
play

သူမဟာလည်း အန်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ရဲ့ အကွဲအပြတ်ဇာတ်လမ်းမှာ ကြားညပ်ခဲ့ပြီး ဘရတ်ပစ်နဲ့ ငြိစွန်းနေတယ်လို့ ကောလာဟလတွေ ထွက်လာတဲ့အတွက် သူမကို စိတ်ဝင်တစား သိရှိလိုသူတွေ များပြားလာတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ Goolge မှာ ရှာဖွေမှုအများဆုံး မင်းသားစာရင်းမှာတော့ ဘရတ်ပစ်က ထိပ်ဆုံးမှာရှိနေပြီး ဒုတိယကတော့ တေလာဆွစ်နဲ့ အချစ်ဇာတ်လမ်းကြောင့် နာမည်ပိုကြီးလာခဲ့တဲ့ တွမ်ဟစ်ဒယ်လ်စတန် ဖြစ်ပါတယ်။
Source & Photos : Metro Credit :duwun