Breaking News

အဖေဖြစ်သူရဲ့ instagram account ကနေ selfie ပုံတွေတင်နေတဲ့ Justin Bieber



လွန်ခဲ့တဲ့လေးလက Justin Bieberဟာ instagram မသုံးတော့ဘူးလို့ တရားဝင်ပြောဆိုခဲ့တာကြောင့် သူ့ပရိသတ်တွေကတော့ Bieber ရဲ့selfie ပုံတွေကိုလွမ်းနေကြရတော့မယ်ဆိုပြီး ရေးသားပြောဆိုခဲ့ကြပါတယ်။

Justin Bieberဟာ သူ့အကောင့်ကို လုံးဝမသုံးတော့ပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း စင်အနောက်မှာ အကျီမပါဘဲ မှန်ရှေ့မတ်တပ်ရပ် mirror selfie ဆွဲပြီး သူ့အဖေရဲ့ instagram အကောင့်ကတစ်ဆင့် တင်လိုက်ပါတယ်။ သူဟာ သူ့ကိုယ်ပိုင်အကောင့်က မဟုတ်ပေမယ့် အခြားတစ်ယောက်ရဲ့အကောင့်ကနေ ခုလိုတင်နေရတာ ပျော်နေပုံပါပဲ။

သူ့အဖေရဲ့ instagram အကောင့်မှာ Justin Bieber ရဲ့selfieဓာတ်ပုံတွေ ပိုတွေ့လာရသလို တစ်ခါတစ်လေ သူ့အဖေကပဲ သူ့ပုံတင်ထားသလိုလို စတိုင်လ်မျိုးကလည်း ဖမ်းထားပါသေးတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် Bieber ပရိသတ်တွေအတွက်တာ့ သတင်းကောင်းပါပဲ။ သူတို့အတွက်ကတော့ ဘယ်အကောင့်ကပဲ ပုံတင်တင် အဓိကအချက်က သူတို့ချစ်တဲ့ Justin Bieber ပုံတွေက မပြတ်ကြည့်နေရဖို့ပဲလေ။

Credit :Trend Myanmar